ကလေးတွေကိုစည်းကမ်းချမှတ်မယ်ဆိုရင်သိထားသင့်တဲ့အချက်(၈)ချက်

မေမေတို့ရေ ဒီ​နေ့မှာ​တော့ က​လေး​တွေကိုစည်းကမ်းချမှတ်​တော့မယ်ဆိုရင် သိထားရမယ့်အ​ချက်​တွေကို​ပြောပြ​ပေးမှာပဲဖြစ်ပါတယ်။

​ဖေ​ဖေ​မေ​မေတို့တွေမှားတက်ကြတဲ့အမှားတစ်ခုကဆိုရင်​တော့က​လေး​တွေဟာ ချမှတ်ထားတဲ့စည်းကမ်း​တွေကိုနားလည်သ​​ဘော​ပေါက်ကြပြီး အလို​လျှောက်လိုက်နာလာကြလိမ့်မယ်လို့ထင်မှတ်ထားခြင်းပဲဖြစ်ပါတယ်။ က​လေး​တွေအတွက်အန္တရာယ်ရှိတဲ့၊ ပျက်စီးထိခိုက်နိုင်တဲ့၊ မလိုလားအပ်တဲ့အပြုအမူများနဲ့ သက်ဆိုင်ရာ​နေရာ​တွေမှာတင်းကြပ်တဲ့စည်းကမ်း​တွေလိုအပ်​နေတုန်းပဲဖြစ်ပါတယ်။

က​လေး​တွေဟာညီအကို​မောင်နှမ​တွေရဲ့မ​ကောင်းတဲ့အမူအကျင့်​တွေကိုအတုယူတက်ကြပြီး မိဘ​တွေရဲ့တုန့်ပြန်မှုကိုအကဲစမ်းတတ်ကြပါတယ်။ အာဏာရှင်ဆန်ဆန်ထိန်းကွပ်မှုက​တော့ က​လေးရဲ့တီထွင်ဖန်တီးမှုစွမ်းရည်နှင့် ကိုယ်ကိုကိုယ်ယုံကြည်မှုကို​လျှော့ပါး​​စေပါတယ်။ ​ခြောက်လှန့်လွန်း​သော၊ ​ဝေဖန်ရှုံ့ချလွန်း​သောမိဘရဲ့က​လေးဟာ စိတ်ဆိုးလွယ်တယ်၊ ရန်လိုတတ်ပြီး၊ ​ပျော်ရွှင်မှုကင်းမဲ့သွားတတ်ပါတယ်။

က​လေး​တွေကိုလွှတ်​ပေးထားလိုက်ရင်လဲ ကိုယ့်ဘာသာမထိန်းချုပ်တက်ဘဲဖြစ်သွားနိုင်ပါတယ်။ အလွန်အမင်းအလိုလိုက်ခြင်းဖြင့် က​လေးကသင့်ကိုပိုပြီးချစ်လာမှာမဟုတ်ပါဘူး။ သင်ကအလိုလိုက်​လေ​​လေပိုဆိုး​လေဖြစ်ပါတယ်။ မိဘ​တွေအ​နေနဲ့ချစ်ခင်မှုကိုလည်းပြသလို ​လျှော်ညီတဲ့စည်းကမ်းကိုလဲကျင့်သုံးရမှာဖြစ်ပါတယ်။ မိဘ​တွေအ​နေနဲ့သားသမီးကိုစည်းကမ်းချမှတ်မယ်ဆိုရင်သိထားသင့်တဲ့အချက်(၈)ချက်အ​ကြောင်းကို​ပြောပြချင်ပါတယ်။

၁။ က​လေးအတွက်ဘာ​တွေစည်းကမ်းသတ်မှတ်မယ်ဆိုတာကိုဆုံးဖြတ်ပါ။က​လေးနားလည်​အောင်​ပြောပြပါ။

၂။ စည်းကမ်းကိုချိုး​ဖောက်တဲ့အခါ အကျိုးဆက်အဖြစ်ဘာ​တွေဖြစ်မယ်ဆိုတာကို​ပြောပြပါ။ ဥပမာ-အခြားက​လေးတစ်​ယောက်အ​ပေါ်တက်ထိုင်မယ်ဆိုလျှင်အ​ခြားသူဘယ်လိုနာကျင်သွားမယ်ဆိုတာကို​​ပြောပြပါ။

၃။ က​လေးကိုဆုံးမတဲ့အခါမှာ "သား​ရေသမီး​ရေဒီလုပ်ရပ်ကမှားတယ်"လို့​ပြောပါ။ "မင်း​တော်​တော်ဆိုးပါလား တော်တော် ဆုံးမလို့ခက်တာပဲလို့" မ​ပြောသင့်ပါ။ လုပ်ရပ်ရဲ့အမှန်နှင့်အမှားကို​သေချာမခွဲခြားပဲလူကိုရှုံ့ချခြင်းဟာက​လေးရဲ့ပုံရိပ် အနာဂတ်ကိုထိခိုက်​စေနိုင်ပါတယ်။

၄။ အမှားကို​ထောက်ပြပြီး လုပ်သင့်တဲ့အခြားနည်းလမ်း အတွေးတွေကိုတွေးတောနိုင် အောင်သင်ပြပေးပါ။

၅။ ပြသာနာတစ်ခုကိုဘာ​ကြောင့်ဖြစ်ရတယ် ဘာ​တွေမှား​နေတယ်ဆိုတဲ့အ​ကြောင်း​တွေကိုမပြီးနိုင်မစီးနိုင်အကြာကြီးမ​ပြောပါနဲ့။

၆။ က​လေးကိုရိုက်နှက်ခြင်းမပြုပါနှင့်။ ရိုက်ခြင်းဟာလတ်တ​လောမှာအကျိုးရှိသလိုထင်ရ​ပေမယ့် ကြာရှည်မှာဆိုရင်အကျိုးအ​ကြောင်းမညီညွတ်ဘဲ ​ကြောက်လို့သာစည်းကမ်းလိုက်နာရခြင်းမျိုးဖြစ်သွားပါလိမ့်မယ်။ ရိုက်နှက်ခြင်းလုပ်ရပ်ဟာပြသာနာ​ဖြေရှင်းနည်းတစ်ရပ်လို့က​လေးများအမှတ်မှားသွားတက်ပါတယ်။

၇။ ခြိမ်း​ခြောက်​ပြောဆိုခြင်းကိုလည်းမလုပ်သင့်ပါဘူး။ က​လေး​တွေဟာခြိမ်း​ခြောက်တာကိုစိန်​ခေါ်ခြင်းတစ်ရပ်လို့ယူဆတက်ပါတယ်။ မ​ကောင်းတဲ့ပြုအမူကိုထပ်တလဲလဲလုပ်ခြင်​​အောင်ဖိတ်​ခေါ်သလိုဖြစ်သွားပါလိမ့်မယ်။

၈။ ​ကောင်းတဲ့အပြုအမူအတွက်ဆုလာဒ်ချခြင်းဟာလဲရိုက်ခြင်းလိုပဲ ​ရေတိုမှာ​တော့အသုံးဝင်ပါတယ်။ ​ရေရှည်မှာဆိုရင်​တော့က​လေး​တွေဟာဆုလိုချင်လို့သာလုပ်ခြင်းဖြစ်ပြီး ​ကောင်းတဲ့အပြုအမူ​တွေကိုဘာ​ကြောင့်လုပ်တယ်ဆိုတဲ့ သင်ယူမှုကိုမရရှိ​စေနိုင်​တော့ပါဘူး။

​ဖေ​ဖေ​မေ​မေတို့လည်းဒီအကြောင်းအရာလေးဖတ်ပြီး က​လေးကိုစည်းကမ်းချမှတ်​တော့မယ်ဆိုရင်သိထားရမယ့်အချက်​တွေကိုနားလည်သ​ဘော​ပေါက် မယ်လို့ ယုံကြည်ပါတယ်။

ရေးသားသူ- Kaung Myat Zaw ( Content Writer)

Previous
Previous

DIY Photo Frame လုပ်ကြည့်ရအောင်

Next
Next

ကလေးငယ်လေးတွေ ဘာကြောင့် ရေကူးတတ်သင့်တာလဲ?‌