ကလေးငယ်တွေ စမတ်ဖုန်းစွဲလန်းလွန်းခြင်း

ကလေးတွေ စမတ်ဖုန်းစွဲလမ်းလွန်းခြင်းပြဿနာကို ဖေဖေမေမေတို့ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ?

မေမေတို့နေ့စဥ် အိမ်မှုကိစ္စ၊အလုပ်တွေနဲ့ ရှုပ်နေချိန် ကလေးတွေကိုဖုန်းဖြင့် ဂိမ်းကစားခိုင်းခြင်း၊ YouTube ပေးကြည့်ခြင်းဖြင့် ကလေးကိုငြိမ်အောင်ထိန်းလာကြတာ တော်တော်များများမြင်တွေ့လာရလာပါတယ်။ ကလေးငြိမ်နေရင်ပြီးရောဆိုပြီး ဖုန်းပေးထားခြင်းဟာကလေးတွေအတွက်ရေရှည်မှာလုံးဝမကောင်းပါဘူး။ ကျမတို့ပတ်ဝန်းကျင်မှာလည်း တချို့ကလေးငယ်တွေဖုန်းကိုမကြည့်ရရင်မနေနိုင်အောင်စွဲလန်းလွန်းတာတွေ့မြင်တွေ့လာရပါတယ်။

ကလေးငယ်များဖုန်းစွဲလန်းလွန်းခြင်းရဲ့လက္ခဏာများ

● ဖုန်းကိုအမြဲတစေသုံးချင်နေခြင်း

● ဖုန်းသုံးတာ နားရန်ပြောလည်းနားမထောင်ခြင်း

● ဖုန်းကိုမိဘကသိမ်းလျှင် စိတ်ဆိုးအော်ဟစ်ငိုယိုနေခြင်း

● ဖုန်းသုံးချိန်သတ်မှတ်ထားတဲ့အချိန်အကန့်အသတ်ထက်ပို၍သုံးခြင်း စတဲ့လက္ခဏာမျိုးတွေမြင်တွေ့ရတတ်ပါတယ်။

ကလေးတွေစမတ်ဖုန်းစွဲလန်းလွန်းခြင်းကိုကိုင်တွယ်ဖြေရှင်းနည်း

ဖုန်းဖြင့်ကလေးငယ်တွေကိုငြိမ်အောင်ထိန်းခြင်းကိုလုံးဝအားမပေးပါဘူး။ အရွယ်မရောက်သေးတဲ့ကလေးငယ်တွေကို စမတ်ဖုန်းစတာတွေပေးဆော့စေခြင်းဟာ ကလေးတွေရဲ့မျက်စိ၊ ဦးနှောက်အတွက်ပါမကောင်းတဲ့ဆိုးကျိုးတွေရရှိနိုင်ပါတယ်။ ဒီတော့ ကလေးငယ်တွေဖုန်းစွဲလမ်းမှုမဖြစ်အောင် ဘယ်လိုကိုင်တွယ်ဖြေရှင်းရမယ်ဆိုတဲ့နည်းလမ်းတွေကိုပြောပြပေးပါမယ်။

၁။ ဖုန်းသုံးမယ့်စည်းကမ်းကိုသတ်မှတ်ခြင်း

မိဘတွေကတဖက်သတ်ကြီးဆုံးဖြတ်တာမျိုးမဟုတ်ပဲ ကလေးနဲအတူတူဖုန်းသုံးမယ့်အချိန်ကိုသတ်မှတ်တာအကောင်းဆုံးပါ။ ဥပမာ- ၁ရက်ကို ၁နာရီ ၊ ထမင်းစားချိန်ဖုန်းမသုံးရဘူး စသည့်ဖြင့်ကလေးတွေနဲ့အတူတူသဘောတူညီမှုယူပြီးစည်းကမ်းသတ်မှတ်ပါ။

၂။ ဖုန်းအပြင်တခြားကလေးစိတ်ဝင်စားမယ့်အရာတွေကိုလုပ်ဆောင်စေခြင်း

ကလေးတွေကိုဖုန်းပေးကစားခြင်းထက် ပုံဆွဲခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ စာရွက်ခေါက်ခြင်း၊ စာဖတ်ခြင်းစတဲ့အရာတွေကိုလုပ်ခိုင်းကြည့်ပါ။

၃။ ကလေးဝါသနာပါတဲ့ ပြင်ပသင်ယူမှုတွေကိုလုပ်ဆောင်စေခြင်း

မိမိကလေးဝါသနာပါတဲ့ အက၊ ဂီတ၊ရေကူးခြင်း စတဲ့ပြင်ပသင်ယူမှုတွေကိုသင်ယူစေခြင်းစတာမျိုးတွေကိုလုပ်ခိုင်းစေခြင်းဖြင့် ကလေးငယ်တွေဖုန်းအပေါ်စွဲလန်းလွန်းတဲ့စိတ်တွေလျော့နည်းလာအောင်အထောက်အကူဖြစ်နိုင်ပါတယ်။

ကလေးငယ်တွေဖုန်းစွဲလန်းလွန်းခြင်းဟာမကောင်းတဲ့ဆိုးကျိုးတွေသာရရှိနိုင်တဲ့အတွက် အပေါ်မှပြောခဲ့တဲ့နည်းလမ်းတွေကိုသုံးပြီသားသားမီးမီးတို့ရဲ့ဖုန်းစွဲလန်းမှုလျော့နည်းလာအောင်ကြိုးစားကြည့်ကြရအောင်နော်။

Previous
Previous

ကလေးတွေနေမကောင်းချိန်အစားအစာ

Next
Next

ကလေးဖြည့်စွက်စာ