ညမအိပ်ခင်လုပ်သင့်တဲ့ လွယ်ကူတဲ့ Yoga Pose ၄ခု

ယောဂလေ့ကျင့်ခြင်းဟာ ခန္ဓာကိုယ် အလှအပ၊ ကျန်းမာရေး ၊ အဆီကျ​ခြင်းစတဲ့ ကောင်းကျိုး တွေအ​ပြင် တခြားကောင်းကျိုးတွေလည်း အများကြီးရရှိစေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အခုမှစပြီးယောဂစပြီးလေ့ကျင့်ချင်တဲ့ မေမေတို့အတွက်လွယ်ကူတဲ့ yoga pose တွေနဲ့ ရရှိနိုင်မယ့်ကောင်းကျိုးတွေကိုဖော်ပြပေးလိုက်ပါတယ်။

ညမအိပ်ခင်မှာ ကောင်းစွာအိပ်ပျော်စေနိုင်ဖို့အတွက်ပြုလုပ်ပေးသင့်တဲ့ Yoga Pose

စိတ်နဲ့ ခန္ဓာကိုယ်ကို အေးချမ်းစေတဲ့ယောဂလေ့ကျင့်ခန်းကို ညမအိပ်ခင်မှာလုပ်ပေးခြင်းဖြင့် စိတ်ဖိစီးမှုနဲ့ သောကတွေကိုလျော့ပါးစေပြီး ကောင်းစွာအိပ်ပျော်စေပါတယ်။ အချိန် ၁၀မိနစ်ရှိရုံနဲ့ ညအိပ်ရာမဝင်ခင် အလွယ်တကူလိုက်လုပ်လို့ရမယ့် yoga pose တွေကိုဝေမျှပေးလိုက်ပါတယ်နော်။

1. Easy Seat Pose

ခန္ဓာကိုယ်ပင်ပန်ပြီးစိတ်ဖိစီးမှုတွေများတဲ့အခါ ညအိပ်မပျော်ခြင်းစတာတွေဖြစ်တတ်ပါတယ်။ ဒီလိုအခါမျိုးမှာ Easy Seat Pose ကို အိပ်ရာမဝင်မီပြုလုပ်ပေးခြင်းဖြင့် စိတ်ကိုအေးဆေးတည်ငြိမ်ပြီး ကောင်းမှန်စွာအိပ်ပျော်စေတယ်။

ပြုလုပ်နည်း

၁။ ခြေထောက်၂ဖက်လုံးကိုဆန့်ပြီထိုင်ပါ။

၂။ ခြေထောက်၂ဖက်ကို ကြက်ခြေခတ်ထိုင်ပြီး၊ ဒူးနှစ်ဖက်ကိုအပြင်ဖက်ကိုမူထားပေးပါ။

၃။ ခြေခြင်းဝတ်ကို ၉၀ဒီဂရီထားပြီး၊ ညာဘက်ခြေထောက်ကို ဘယ်ဖက်ဒူးခေါင်းအောက်၊ ဘယ်ဘက်ခြေထောက်ကို ညာဖက်ဒူးခေါင်းအောက်မှာထားပြီးထိုင်ပါ။

၄။ ခါးရိုးကိုသေချာစွာဆန့်ထိုင်ပြီး အသက်ရှုသွင်းရှုထုတ်လုပ်ပေးပါ။

၂။ Head to Knee Pose

ကောင်းစွာအိပ်စက်နိုင်ဖို့အတွက် ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုကောင်းမွန်နေဖို့ကအလွန်အရေးကြီးပါတယ်။ ညမအိပ်ခင် ခြေထောက်ရဲ့ကြွက်သားတွေကိုပြေလျော့စေခြင်းဖြင့် ကောင်းမွန်စွာအိပ်စက်နိုင်ဖို့အထောက်အကူဖြစ်စေပါတယ်။

ပြုလုပ်နည်း

၁။ ညာဖက်ခြေထောက်ကိုအရှေ့ကိုဆန်းထုတ်ပြီး၊ ဘယ်ဖက်ခြေဖဝါးကို ဆန့်ထားသောညာဖက်ပေါင်ဖြင့်ထိပါ။

၂။ ခန္ဓာကိုယ်အပေါ်ပိုင်းကို အရှေ့သို့လှဲချပေးပါ။ (ခါးကိုမတ်မတ်ထားပြီးလှဲချပါ)

၃။ Leg Handstand Pose

ခန္ဓာကိုယ်ကပင်ပန်းတဲ့အခါမှာ ခြေထောက်ဖောရောင်ခြင်းစတာတွေဖြစ်တတ်ပြီး၊ ကောင်းမွန်စွာအိပ်စက်နိုင်ဖို့အတွက်ခက်ခဲပါတယ်။ Leg Handstand Pose ကတော့ ခြေထောက်ရဲ့သွေးကြောလည်ပတ်မှုကိုကောင်းမွန်စေလို့ ညမအိပ်ခင်မှာပြုလုပ်ပေးသင့်ပါတယ်။

ပြုလုပ်နည်း

၁။ ခြေထောက်ကို အပေါ်ကိုထောင်မတ်ပြီး နံရံဖြင့်ထိထားပါ။

၂။ လက်နှစ်ဖက်ကိုဘေးမှာဆန့်ချထားပြီး ရင်ဘတ်ကိုဆန့်ထားပါ။

၃။ အကြောတွေကိုလျော့ပြီး မိနစ်ခန့်အနားယူပါ။

၄။ Child Pose

child pose ကတော့ ခန္ဓာကိုယ်ကိုအနားပေးလိုတဲ့အခါမှာပြုလုပ်ပေးသင့်ပြီး၊ စိတ်ကိုအေးချမ်းစေပါတယ်။

ပြုလုပ်နည်း

၁။ ဒူးနှစ်ဖက်ကိုကွေးပြီးထိုင်ပြီး၊ ခြေမ၂ခုကိုထိထားပါ။

၂။ လက်နှစ်ဖက်ကို ပခုံးအကျယ်အတိုင်းရှေ့ကိုဆန့်ထုတ်ပြီး၊ ခန္ဓာကိုယ်အပေါ်ပိုင်းကိုရှေ့သို့လှဲချပေးပါ။

၃။ လှဲချတဲ့အခါမှာ နှဖူးကိုကြမ်းပြင်နှင့်ထိထားပြီး၊ တင်ပါးကိုလည်းဖနောင့်ဖြင့်ထိထားပါ။

၄။ လက်ချောင်းတွေကို​ဖြန့်ထားပြီး၊ ကျောရိုးကိုလည်းဆန့်ထားပြီး အကြောလျော့ပေးပါ။

ဒီဆောင်းပါးလေးမှာတော့ ညအိပ်ရာမဝင်ခင် အချိန်အနည်းငယ်ပေးပြီး ပြုလုပ်လို့ရတဲ့ yoga pose တွေကိုမျှဝေပေးလိုက်ပါတယ်။ သားသားမီးမီးလေးတွေနဲ့ အတူတူလိုက်လုပ်ကြည့်ကြပါနော်။










Previous
Previous

နို့ထွက်များစေဖို့ သဘာဝနည်းလမ်း (၇) ခု

Next
Next

ကိုယ်ဝန်ဆောင်စဉ် မစားသင့်သော အစားအစာများနှင် ပါဝင်ပစ္စည်းများ