ကိုယ်ဝန်ဆောင်စဉ် မစားသင့်သော အစားအစာများနှင် ပါဝင်ပစ္စည်းများ

ကိုယ်ဝန်ဆောင်ချိန် ဘာတွေ မစားသင့်သလဲ

ကိုယ်ဝန်ဆောင်ကာလ အစားအသောက်သတိထားဆင်ခြင်ခဲ့တောင် မေမေတို့ကိုယ်တိုင်တခါတလေမေ့ပြီးစားမိနိုင်တဲ့ အစားအစာနှင့်ပါဝင်ပစ္စည်းလေးတွေ ရှိကောင်းရှိနိုင်ပါတယ်။ ထိုအစားအစာများကြောင့် မိခင်နှင့်သန္ဓေသားကို ဆိုးရွားစွာထိခိုက်စေနိုင်သည့်အပြင်အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ရှောင်ရှားသင့်ပါတယ်။ကိုယ်ဝန်ရှိစဉ်မှစလို့ မီးဖွားပြီးသည်အထိ စိတ်အေး ချမ်းသာစွာဖြတ်သန်းနိုင်ဖို့ ဘာတွေမစားသင့်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် မစားသင့်သော အစားအစာများနှင် ပါဝင်ပစ္စည်းများ

အခြောက်ခံထားသောဝက်ပေါင်ခြောက်၊ Smoked Salmon အသားစိမ်း Patty of the fish၊ Sashimi(ဂျပန်အစားအစာ)၊ Yukhoe(ကိုရီယားအစားအစာ) ၊မြင်းသား ၊မကျက်သေးသောအသားကင်များ ၊ကမာ၊ယောက်သွားစသည့် အခွံ့နှစ်ခြမ်းပါးသော ရေနေသတ္တဝါများ ပေါင်းသတ်ထားခြင်းမရှိသော နို့ထွက်ပစ္စည်းများ၊ ရှားစောင်းလက်ပတ်အခွံ့ ဆေးဖက်ဝင်အပင်များ ( ဖက်ယားပင်, raspberry leaf,passion flowers ) ၊ မာကျူရီပါသောငါးများ(Pacific Bluefin Tuna,Southern Bluefin Tuna,Indo-Pacific Blue Marlin,Bigeye Tuna,Striped Marlin,Splendid Alfonsino,Gnomefish) အိုင်အိုဒင်းပါသော ပင်လယ်ရေညှိများ Retinolပါဝင်သော အသည်း၊ Ayu (သို့) Sweet Fish၊ ငါးရှဉ့် စသည့်တို့ကို အလွန်အကျွံစားသုံးခြင်းမပြုလုပ်သင့်ပါ။

ထိုအစားအစာများကို ကိုယ်ဝန်ကာလတလျှောက် ဘာကြောင့် အလွန်အကျွံမစားသင့်တာလဲ?

သဘာဝဒိန်ခဲ၊အခြောက်ခံထားသောဝက်ပေါင်ခြောက်(Pepperoni, Ham,Sausages)များမချက်ပြုတ်ဘဲစားခြင်း၊ ပေါင်းမသတ်ထားနို့နှင်ထိုနို့ဖြင့်ပြုလုပ်စားသောအစားအစာများဟာ Listeria Infectionဖြစ်ပေါ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတို့အတွက်Listeriosisအဆိပ်သင့်ခြင်းကြောင့်အချင်းမှတဆင့်သားအိမ်အတွင်းသို့ကူးစက်နိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်း၊သန္ဓေသားဝမ်းအတွင်း၌သေဆုံးခြင်း၊မွေးဖွားလာသော်လည်းသေဆုံးနိုင်ခြင်းတို့ အများဆုံးဖြစ်တတ်ပါတယ်။

ထို့ကြောင့် မေမေတို့က သတိထားရှောင်ကြဉ်ဖို့လိုပါတယ်။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို သေချာဆေးကြောပြီး ချက်ပြုတ်စားသုံးကြပါ သက်တမ်းလွန်နေတဲ့Ready Madeအစားစာတွေလဲ မစားမိဖို့လိုပါတယ်။ Toxoplasmosis Infection ဘာကြောင့်ဖြစ်တာလဲ Steak,အသားစိမ်းများနှင့်မကျက်သေးသော အသားကင်များမှာ Toxoplasama ကပ်ပါးပိုးရှိနေတက်ပြီးနို့တိုက်သတ္တဝါများ၊ငှက်များ၊ကြောင်မစင်များ၊မြေကြီးစသည်တို့တွင်လဲ တွေ့ရှိရပါတယ် Toxoplasmosis ကြောင့်အချင်းမှ တဆင့်သန္ဓေသားအား ကူးစက်နိုင်ချေ 6-80%ထိရှိပြီး ၁၀ရာခိုင်နှုန်းခန့် မွေးရာပါ Toxoplasmosisဖြစ်နိုင်ပါတယ် မွေးကင်းစကလေးငယ်တွင် ဦးနှောက်ချို့ယွင်းခြင်းနှင့် ဦးနှောက်အမြှေးယောင်ခြင်းကဲ့သို့သောလက္ခဏာများဖြစ်စေတတ်ပြီးကိုယ်ဝန်ပျက်ကျခြင်း ၊လမစေ့ဘဲ စောမွေးတတ်လို့ မိခင်နှင့်သန္ဓေသားလေးအတွက် သည်းခံပြီးရှောင်ကြဉ်ကြပါစို့နော်။

ကိုယ်ဝန်ဆောင်ချိန် အစာအဆိပ်သင့်ရင်ဘာဖြစ်မလဲ?

အစာအဆိပ်သင့်ခြင်းကြောင့် သန္ဓေသားကို တိုက်ရိုက်မထိခိုက်စေသော်လည်း အစာအဆိပ်သင့်ခြင်းရဲ့ လက္ခဏာများထဲမှဝမ်းလျှောခြင်းသည်သားအိမ်ကျုံ့မှုကို အားပေးပြီးကိုယ်ဝန်ပျက်ကျခြင်းနှင့် ကလေးစောမွေးနိုင်ချေကို တိုးစေပါတယ်။ ဒါကြောင့်မို့ ကြက်ဥအစိမ်း၊နို့နှင့်နိုထွက်ပစ္စည်များ၊အသားငါး နှင့်အသီးအရွက်များကို ကျက်အောင်ချက်ပြုတ်ဖို့လိုအပ်ပါတယ်နော်။

သားအိမ်ကျုံ့စေသောအစားအစာကဘာတွေဖြစ်နိုင်မလဲ?

ဝမ်းချုပ်တာကို သက်သာစေဖို့ရှားစောင်းလက်ပတ်ကိုစားသုံးကြပါတယ်။ဒါပင်မယ့်ရှားစောင်းလက်ပတ်ရဲ့အခွံ့မှာ သားအိမ်ကျုံ့စေတဲ့အာနိသင်ရှိတဲ့ Aloin လို့ခေါ်တဲ့အစိတ်အပိုင်းတစ်ခုပါဝင်တယ်။ ရှားစောင်းလက်ပတ်ကို စားသုံးတဲ့အခါ အခွံ့အစိမ်းရောင်ကိုဖယ်ထုတ်ပြီးမှ စားပေးပါ။ နောက်ထပ် ဆေးဖက်ဝင်အပင်များဖြစ်သော ဖက်ယားပင်၊Raspberry Leaf နှင့် Passion Flowersကဲ့သို့ အပင်များက သားအိမ်ကျုံခြင်းကို အကျိုးသက်ရောက်စေသောကြောင့် ကိုယ်ဝန်ဆောင်စဉ် ရှောင်ကြဉ်သင့်ပါတယ်။ဒါပင်မယ့် ကလေးမီးဖွားချိန်နီးလာတဲ့အခါ Raspberry အရွက် လက်ဖက်ရည်သောက်သုံးခြင်းဟာ ကလေးမီးဖွားချိန်ကိုတိုစေတာတွေ့ရပါတယ် ။အကယ်၍ကိုယ်ဝန်၈လလောက်ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်ပြီးအနည်းငယ်သောက်သုံးနိုင်တယ်နော်။ Methylmercury ဆိုတာဘာလဲ ငါးများတွင် ပရိုတင်း၊DHA နဲ့ကယ်လ်စီယမ်ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးသင့်ပင်မယ့် မာကျူရီပမာဏအများအပြားရှိတဲ့ ငါးများဟာ ကလေးငယ်ရဲ့ ဦးနှောက်နှင့်အာရုံကြောဖွံ့ဖြိုးမှုကို ထိခိုက်နိုင်တာမို့ သတိထားပြီး စားသုံးပေးပါ။

ကိုယ်ဝန်ဆောင်စဉ် အိုင်အိုဒင်းကို အလွန်အကျွံ့စားသုံးမိရင် ဘာဖြစ်မလဲ?

အိုင်အိုဒင်းသည် သိုင်းရွိုက်ဟော်မုန်းရဲ့ အဓိကအရင်းအမြစ်ဖြစ်ပြီး သန္ဓေသားရဲ့ အရိုးများနှင့် ဦးနှောက်ကြီးထွားမှုကို မြှင့်တင်ပေးပါတယ် ပင်လယ်ရေညှိသည် အိုင်အိုဒင်းများစွာပါဝင်သောအစားအစာပါ။ ထို့ကြောင့်အလွန်အကျွံ့စားသုံးမိပါက သိုင်းရွိုက်ရဲ့လုပ်ဆောင်မှုကိုလျော့ကျစေနိုင်လို့ချိန်ဆပြီးစားသုံးပေးပါ။ ဗီတာမင် A (Retinol)များခဲ့ရင် ဘာဖြစ်နိုင်မလဲ ဗီတာမင် A သည် ကိုယ်ခံအားကိုမြှင့်တင်ပေးသော Mucous Membrane ကိုသန်မာစေပြီးအဆီတွင်ပျော်ဝင်နိုင်သော ဗီတာမင်အမျိုးအစားဖြစ်ပါတယ်။ Retinolပါဝင်သောအစားအစာများ အလွန်အကျွံ့စားသုံးမိလျှင် သန္ဓေသားပုံသဏ္ဍာန်မမှန်ခြင်းဖြစ်နိုင်ခြေကို တိုးစေပါတယ်။ ဒါကြောင့်မို့လို့ မေမေတို့က ချင့်ချိန်စားသောက်ပေးဖို့လိုပါတယ်။ ဗိုက်ထဲက ရင်သွေးလေးဟာ မိခင်စားတဲ့ အာဟာရကိုရရှိပြီး ကြီးထွားလာကြတာပါ။ မိခင်ရောကလေးအတွက် အစာအာဟာရများကို မျှတစွာစားပေးပါ။ကိုယ်ဝန်ဆောင်ကာလ ရှောင်ရှားသင့်တဲ့အစားအစာတွေသိထားပြီး စိတ်အေးချမ်းစွာ ဖြတ်သန်းကြစို့နော်။

ရေးသားသူ - Hnin Oo Yee (Mom Content Writer)


Previous
Previous

ညမအိပ်ခင်လုပ်သင့်တဲ့ လွယ်ကူတဲ့ Yoga Pose ၄ခု

Next
Next

ကလေးငယ်တွေ ကိုယ်ခံအားကောင်းအောင် ဘယ်လိုနည်းလမ်းတွေနဲ့ဂရုစိုက်ပေးရမလဲ