ကိုယ်ဝန်ဆောင်ယောဂ

ကိုယ်ဝန်ဆောင်ယောဂဟာဘယ်လို အကျိုးကျေးဇူးတွေရရှိနိုင်မလဲ ?

ကိုယ်ဝန်ဆောင်ချိန် ယောဂလေ့ကျင့်ခြင်းသည် မေမေတို့အတွက် အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုယ်ဝန်ဆောင်သည်တွေ ကိုယ်ဝန်ဘယ်နှစ်လမှာ ယောဂ​စပြီးလေ့ကျင့်လို့ရမလဲ?ကိုယ်ဝန်ဆောင်ချိန်ယောဂကစားခြင်းဟာ ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ ဆိုတာပြောပြသွားမှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ဘယ်လိုယောဂလေ့ကျင့်ခန်းတွေ လုပ်လို့ရမလဲ?

ကိုယ်ဝန်ဆောင်ချိန် အခြေခံယောဂပို့စ်တွေဟာ ကိုယ်ဝန်ဆောင်သည်တွေအတွက်အသင့်တော်ဆုံးပါ။ဗိုက်ထဲက ရင်သွေးလေးကိုမထိခိုက်စေတဲ့ အခြေခံယောဂပို့စ်တွေကို ပြုလုပ်ပေးခြင်းဖြင့် ကလေးမွေးဖွားတဲ့အခါမှာပါ မေမေတို့အတွက်အများကြီးအထောက်အကူဖြစ်စေပါတယ်။

ကိုယ်ဝန်ဆောင်ယောဂကို ကိုယ်ဝန်ဘယ်နှစ်လမှ စလုပ်လို့ရမလဲ

ပုံမှန်အားဖြင့် ကိုယ်ဝန်၁၆ပတ်ကာလလောက်တွင် စပြီးလုပ်လို့ရပါတယ်။ ပိုပြီးစိတ်ချရအောင် မေမေတို့ပြနေတဲ့ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး စိတ်ချရတဲ့အချိန်ကာလမှ စပြီးကစားဖို့အကြံပြုချင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးများ

၁။ ကိုယ်ဝန်ဆောင်ချိန် ဝမ်းချုပ်ခြင်းကိုကာကွယ်နိုင်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီးတွေဟာ ဟော်မုန်း၊ အစားအသောက် အပြောင်းအလဲ၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းစတာတွေကြောင့် မကြာခဏဝမ်းချုပ်တာမျိုးတွေဖြစ်လေ့ဖြစ်ထရှိပါတယ်။ အသင့်အတင့်ကိုယ်လက်လှုပ်ရှားမှုတွေကို့ပြုလုပ်ခြင်းဖြင်အစာအိမ်၏လုပ်ဆောင်မှုရှိပြီး ဝမ်းချုပ်ခြင်းမှကာကွယ်ပေးနိုင်ပါတယ်။

၂။ ကိုယ်ဝန်ဆောင်ချိန် ခါးနာခြင်း၊ ဖောယောင်ခြင်းကိုသက်သာစေခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ခါးနာခြင်း၊ ဖောယောင်ခြင်းစတဲ့ရောဂါမျိုးတွေကြုံတွေ့ရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ယောဂ​လေ့ကျင့်ပေးခြင်းက ခန္ဓာကိုယ်ကိုပျော့ပြောင်းစေပြီး သွေးလည်ပတ်မှုအားကောင်းစေတဲ့အပြင်ခါးနာခြင်း၊ ဖောယောင်ခြင်း စတဲ့​ရောဂါတွေကိုသက်သာစေပါတယ်။

၃။ ကလေးမွေးဖွားရာတွင် အထောက်အကူပြုခြင်း

ကိုယ်ဝန်ဆောင်သည်အများစုဟာ ကလေးမွေးခါနီး နာကျင်မှုကိုကြိုတွေးပြီးစိုးရိမ်တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ယောဂဟာ အသက်ရှုသွင်း၊ ရှုထုတ်ခြင်းတဲ့ အခြေံယောဂပို့စ်တွေဖြစ်တဲ့အတွက် ကလေးမွေးဖွားရာတွင်အထောက်အကူဖြစ်စေနိုင်ပါတယ်။

အခုဆိုရင်ကိုယ်ဝန်ဆောင်ယောဂကစားခြင်းကြောင်းရနိုင်တဲ့အကျိုးကျေးဇူးတွေကိုနားလည်လောက်မယ်လို့မျှော်လင့်ပါတယ်။ နောက်ဆောင်းပါးမှာလည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် အခြေခံယောဂပို့လေးတွေကို မိတ်ဆက်ပေးသွားပါမယ်ရှင်။

Previous
Previous

ကလေးဖြည့်စွက်စာ