ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ဆောင်သင့်ရှောင်သင့်တဲ့အချက်များ

အနာဂတ်ရဲ့ မေမေလောင်းများအားလုံး မင်္ဂလာပါ။ ဒီနေ့မှာတော့ ကိုယ့်ရင်သွေးကိုဝမ်း ဗိုက်ထဲတွင်လွယ်ကာ မွေးမည့်ရက်ကို စောင့်ဆိုင်းနေဆဲဖြစ်တဲ့ မေမေတို့ သိသင့်၊သိထားသင့်တဲ့အကြောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ အခုပြောပြမဲ့အကြောင်းအရာတွေကို အချို့မေမေများက သိပြီးလောက်ပြီဖြစ်ပေမဲ့ မသိသေးတဲ့ မေမေတို့အတွက် သိထားတဲ့အကြောင်းအရာလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

( ၁ ) မေမေတို့ရေ ရေသောက်မပျင်းကြပါနဲ့

ပုံမှန်လူတစ်ယောက်အတွက် ရေတစ်နေ့ရှစ်ဖန်ခွက်ပုံမှန်သောက်သင့်တယ်ဆိုရင် လူနှစ်ယောက်ဖြသ်လာတဲ့မေမေတို့အတွက်ဆိုရင်ရော ပုံမှန်လူတစ်ယောက် သောက်တဲ့ရေပမာဏထက်ပိုပြီး ပိုပြီးသောက်ပေးရမှာပါပါ။ ကိုယ်ဝန်ဆောင်မိခင်တွေ ရေများများသောက်ခြင်းဖြင့် ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တတ်တဲ့ ကိုယ်ဝန်ဆိပ်တက်တာတွေ၊ ဖောရောင်တာတွေ ၊ မွေးချိန်မတိုင်ခင် သားအိမ်ညှစ်တာတွေ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ကိုယ့်ရင်သွေးလေးအတွက် မေမေတို့ရေသောက်မပျင်းဘဲ ရေများများသောက်ပေးကြပါနော်။

( ၂ ) နေ့စဥ်ပုံမှန်စားနေကျ အစားအသောက်ကို ပိုပြီး ဂရုစိုက်လိုက်ကြရအောင်

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကယ်ဆီယမ်၊ Vitamin D ၊ Vitamin C ၊ Vitamin B6/B12 ၊ သံဓာတ် ၊ ဖောလစ်အက်စစ် အစရှိတာ တွေကို ကြွယ်ဝမျှတစွာ စားပေးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်များအနေနဲ့ တစ်ရက်တာအတွက် လိုအပ်သည့် ကယ်ဆီယမ် ဓာတ်မှာ ၁၂၀၀မီလီဂရမ် ၊ Vita D က 400-600 IU ၊ Vita C - 85 mg ၊ Vita A 770 Microgram ၊ Vita B6 - 1.9mg စတဲ့အာဟာရတို့ကို တစ်ရက်တာအတွက် နေ့စဥ်ပုံမှန် လိုအပ်သလို သံဓာတ် နဲ့ ဖောလစ် အက်စစ်တို့ကိုလည်း မေမေတို့ လိုအပ်သည်။ ၎င်း အာဟာရဓာတ်များကို အားဆေး ဒါမှမဟုတ် အစားအစာတွေကနေ အလွယ်တကူ ရယူနိုင်ပါတယ်။ အားဆေးမဟုတ်ဘဲ အစားအစာတွေထဲမှာတော့ ၎င်း ဓာတ်များကိုနို့နှင့်နို့ထွက်ပစ္စည်းများ ၊ အစိမ်းရောင်ရှိသော အစားအစာများ ၊ ငါး ၊ အသား ၊ အချဥ်ဓာတ်ပါဝင်သောအသီးအနှံများ ၊ အစေ့အဆံ ၊ ဂျုံနှင့်ဂျုံထွက်ပစ္စည်း အစရှိသည်တို့မှလည်း ရရှိနိုင်ပါတယ်။

အကယ်၍ ဖောလစ်အက်စစ်သာ ချို့တဲ့မယ်ဆိုရင် ကလေးဆီမှာ မွေးရာပါပုံမမှန်ခြင်း ရောဂါ ဖြစ်ပေါ်စေနိုင်သလို သံဓာတ်ချို့တဲ့မည်ဆိုလျှင်လည်း မွေးဖွားစဉ်သွေးလိုခြင်း၊သွေးသွင်းရခြင်း၊ ပေါင်မပြည့်မွေးဖွားခြင်း၊ရက်မစေ့စောမွေးဖွားခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ နေ့စဥ်ပုံမှန်စားသောက်နေကျ အစားအစာကို ပိုပြီးဂရုစိုက်ရုံသာမက အားဆေးကိုပါ သောက်သုံးဖို့ အကြံပေးချင်ပါတယ်နော်။ ကိုယ်ဝန်ဆောင်ကာလအတွင်း ခံတွင်းပျက်၊အစားအသောက်ပျက်နေတဲ့ မေမေတို့အတွက်လည်း တစ်နေ့တာလိုအပ်တဲ့အာဟာရဓာတ်တွေ မချို့ယွင်းအောင်လို့ Vitamin အားဆေးကိုသောက်စေချင်ပါတယ်။

( ၃ ) နေ့စဥ်ပုံမှန်လေး ကိုယ်လက်လှုပ်ရှားမူလေးပြုကြရအောင် ။

ကိုယ်ဝန်ဆောင်မေမေတို့အတွက် လေ့ကျင့်ခန်းလုပ်ခြင်း၊ လမ်းလျှောက်ခြင်း ၊ ယောဂ ကျင့်ခြင်း အစရှိတဲ့ကိုယ်လက်လှုပ်ရှုးမူလေ့ကျင့်ခန်းတွေက သန္ဓေသားရဲ့ အနေအထားကိုပုံမှန်ဖြစ်စေပြီးမီးဖွားဖို့အတွက်လည်း လွယ်ကူစေပါတယ်။

( ၄ ) အိပ်ရေးဝဝအိပ်ကြမယ် ။

ညဘက်ပိုင်းစောစောအိပ်ရုံသာမက နေ့လည်နေ့ခင်းတွေမှာပါ တစ်ရေးတမော အိပ်သင့်ပါတယ်။ အိပ်ရေးဝအောင်အိပ်သင့်တယ် ဆိုသော်ငြား အိပ်စက်ပုံအနေအထားကိုတော့ အထူးဂရုစိုက်ပေးရပါမယ်။ မှောက်မအိပ်ပါနဲ့ ။ ပက်လက်မအိပ်ပါနဲ့။ ဘယ်ဘက်ကို စောင်းအိပ်ပေးပါ။ ​စောင်းအိပ်စက်တဲ့အချိန်တွင်လည်း ဒူးနှစ်ဖက်ကို သာသာကလေးကွေးပြီးအိပ်ပေးဖို့လိုပါတယ်။ ဒီလိုပုံစံနဲ့ အိပ်စက်မယ်ဆိုရင် သွေးလည်ပတ်မူကောင်းစေတဲ့အပြင် ဗိုက်ထဲထဲမှာရှိနေတဲ့ သန္ဓေသားရဲ့အနေအထားဟာလည်း မှန်စေပါလိမ့်မယ်။ ဘယ်ဘက်ကိုစောင်းအိပ်ပေးခြင်းဖြင့် ကျောက်ကပ်ရဲ့လုပ်ဆောင်မူကောင်းစေပါတယ်။

( ၅ ) စိတ်ကျန်းမာရေးနှင့် ခန္တာကိုယ် ကျန်ယမာရေးကို မျက်ခြေမပြတ်ဂရုထားပေးပါ။

နောက်ဆုံးအချက်လေးကတော့အရေးအကြီးဆုံးပါပဲ ။ ကိုယ်ဝန်ဆောင်ခြင်းဆိုတဲ့အရာမှာ ကိုယ်ခန္တာရော ၊ စိတ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမူအလွန်များပါတယ်။ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ကိုယ့်ကို ပျော်ရွင်စေမဲ့အရာတွေကိုအဓိကလုပ်ဆောင်ပေးပါ။ Negative Though တွေကိုဖယ်ထုတ်ပြီး Positive Though တွေကိုများများလက်ခံပေးပါ။ ဘာသာတရားကိုင်းရှိုင်းသူတွေဆိုလည်း ကိုယ် ကိုးကွယ်ရာ ဘာသာတရားကိုစိတ်ထဲမှာမှတ်ပြီး နှလုံးသွင်းထားပါ။စိတ်ကိုအေးချမ်းစေပြီး သက်သောင့်သက်သာရှိစေပါလိမ့်မယ်။ ခန္တာကိုယ်ကျန်းမာရေးတွင်လည်း အပေါ်မှာပြောထားဖူးသလို ကိုယ်ဝန်ဆောင်သူမေမေလောင်းများဟာ ကိုယ့်ရဲ့အသက်နဲ့တကွ ကိုယ့်ရဲ့အနာဂတ်ကလေးငယ် အသက်ကိုပါ ဝမ်းဗိုက်ထဲထည့်လွယ်ထားရတာဖြစ်တာကြောင့် အရင်ကထက်နှစ်ဆပိုဂရုစိုက်ပေးဖို့လိုပါတယ်။

ကျန်းမာရေးအခြေအနေဟာအရင်ကနဲ့မတူဘဲ ထူးခြားလာတာ သို့မဟုတ် ဆရာဝန်ပြော ကြားထားသည့် အခြေအနေများအတိုင်းဖြစ်မလာဘဲ အခြားသော ခံစားမူများကိုခံစား ခဲ့ရင် ချက်ချင်းပင် သက်ဆိုင်ရာဆရာဝန်ဆီသွားပြီး ပြသသင့်ပါတယ်။ ကိုယ့်ခန္တာကိုယ်ကျန်းမာရေးအခြေအနေကို ကိုယ်သာအသိဆုံးပါ ။ တစ်ခုခုထူးခြားတာ ခံစားမိရင် အချိန်မနှောင့်စေပါနဲ့ ။ ကိုယ်ဝန်ဆိပ်တတ်လျှင် ဖြစ်တတ်သည့် လက္ခဏာများကိုလည်း ဆရာဝန်ပြောပြထားတာကို နားထောင်ရုံတင်မက ကိုယ်တိုင်ပါလေ့လာထားသင့်ပါတယ်။ ကဲ...ကိုယ်ဝန်ဆောင်မေမေတို့ရေ ဒီလောက်ဆိုရင် ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ဆောင်သင့်ရှောင်သင့်တဲ့အချက်ကလေးတွေကို အကြမ်းဖျင်း ပြောပြပြီးသွားပါပြီ။ သိပြီးသား ကိုယ်ဝန်ဆောင်မေမေတို့လည်းထပ်သိလိုက်ရသလို မသိရသေးတဲ့ကိုယ်ဝန်ဆောင်မေမေများအတွက်လည်း အထောက်အကူဖြစ်ပါစေလို့မျှော်လင့်ပါတယ်။

ရေးသားသူ - No Vain

Next
Next

ပဲပင်ပေါက်ကို ကိုရီးယားစတိုင်လုပ်စားကြမယ်