ပဲပင်ပေါက်ကို ကိုရီးယားစတိုင်လုပ်စားကြမယ်

မေမေတို့ရေ ဒီနေ့မှာတော့ ပဲပေါက်သုံးပြီး ကိုရီးယားစတိုင် ဟင်းလျာပြုလုပ်နည်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။

ပဲပင်ပေါက် ဟင်းနုနွယ် မုန်လာနုဥနီ Namul

လိုအပ်သောပစ္စည်း

ပဲပင်ပေါက်

ဟင်းနုနွယ်

မုန်လာဥနီ

နှမ်းဆီ

ကြက်သားမှုန့်

နှမ်း

ပြုလုပ်နည်း

1. ရေနွေးဆူဆူထဲကို ဟင်းနုနွယ်ရွက်အစည်းလိုက်ကို ၂မိနစ်ခန့်ထည့်ပြုတ်ပြီး ပြန်ဆယ်ရ၍ရေအေးဖြင့်စိမ်ထားပါ။

2. ကျန်တဲ့ မုန်လာဥနီကိုအချောင်းလေးတွေလှီးပြီး၊ ပဲပင်ပေါက်နဲ့အတူ ၂မိနစ်ခန့်ပြုတ်ပြီး ဇကာဖြင့်ဆယ်ထားပါ။

3. ဟင်းနုနွယ်ကို ရေစစ်ပြီး လှီးပါ။

4. ပန်းကန်ထဲမှာ နှမ်းဆီ၊ ကြက်သားမှုန့် ကိုထည့်ပြီး ပြုတ်ထားတဲ့ အရွက်တွေကိုထည့်ပြီး သမအောင်မွှေပေးပါ။ သမအောင်နယ်ပြီး နောက်ဆုံးမှာ နှမ်းလေးတွေဖြူးပြီးရင် ရပါပြီ။

ဝက်သားပဲပင်ပေါက် ဂင်ချီကြော်

လိုအပ်တဲ့ပစ္စည်း

ဝက်သားပြား

ပဲပင်ပေါက်

ဂင်ချီ

နှမ်းဆီ

ပဲငံပြာရည်အကြည်

ဆားငရုတ်ကောင်း

ကုဆိုင်

ပြုလုပ်နည်း

1.အိုးထဲတွင် နှမ်းဆီကိုထည့်အပူပေးပြီး ဝက်သားပြားကိုထည့်ပြီး အသားကျက်သည်အထိထားပေးပါ။

2.အသားပြားတွေကျက်လာရင် ပဲပင်ပေါက်ကိုထည့်ပြီးမွှေပေးပါ။

3.ဂင်ချီနှင့် ကုဆိုင်ကိုထည့်ကြော်ပြီး နောက်ဆုံးမှာ ဆားငရုတ်ကောင်း၊ ပဲငံပြာရည်အကြည်ထည့်ပြီးရင် ရပါပြီ။

ကြက်သားရေညှိပဲပင်ပေါက် Namul

လိုအပ်သောပစ္စည်း

ပဲပင်ပေါက်

ကြက်သား

ရေညှိ

ကြက်သားမှုန့်

နှမ်းဆီ

နှမ်း

ပြုလုပ်နည်း

1.ဆူအောင်တည်ထားသောရေနွေးထဲကို ပဲပင်ပေါက်ထည့်၍ ၂မိနစ်ခန့်ပြုတ်ပေးပြီး၊ ဇကာဖြင်းစစ်ထားပါ။

2.ကြက်သားကို ပြုတ်ပြီး မျှင်ထားပါ။

3.ပန်ကန်ထဲကို နှမ်းဆီ ၊ ပဲငံပြာရည်၊ ကဿ်သားမှုန့်ထည့်ပြီး၊ မျှင်ထားတဲ့ကြက်သားနဲ့ ပဲပင်ပေါက်ကိုထည့်၍ သမအောင်မွှေပေးပါမယ်။

4.နောက်ဆုံးမှာ ရေညှိထည့်မွှေပြီး နှမ်းလေးတွေဖြူးပြီးရင်ရပါပြီ။

Previous
Previous

ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ ဆောင်သင့်ရှောင်သင့်တဲ့အချက်များ

Next
Next

အိမ်ထောင်သာယာရေးအတွက် အလေးထားသင့်သော အချက် (၃) ချက်