From Japanese Mom #3

ဂျပန်လူမျိုးတွေက သန့်ရှင်းတာကိုနှစ်သက်ကြတယ်ဆိုပေမယ့် ဂျပန်အိမ်ရှင်မတွေကအချိန်ပြည့် သန့်ရှင်းရေးကိုလုပ်နေကြတာမျိုးမဟုတ်ပါဘူး။ နေ့စဥ် အိမ်မှုကိစ္စတွေပြုလုပ်ရင်း အသေးအဖွဲ သန့်ရှင်းရေးတွေကို ပုံမှန်ပြုလုပ်လေ့ရှိကြပါတယ်။ အမြဲ အိမ်ကိုသန့်ရှင်းပြီး သပ်ရပ်နေဖို့အတွက် ဂျပန်အိမ်ရှင်မတွေ ကျင့်သုံးနေတဲ့အချက်လေးတွေကိုဝေမျှပေးလိုက်ပါတယ်။

၁။ ဟင်းချက်ပြုတ်ပြီးတိုင်း မီးဖိုကိုသန့်ရှင်းခြင်း

ဟင်းချက်ပြီးနောက် မီးဖိုးဘေးမှာ ပေနေတဲ့ဆီ၊ အညစ်အကြေးစတာတွေကို သုတ်ပေးခြင်းဖြင့်၊ အချိန်ကြာတဲ့အခါ ဆီတွေခဲပြီးသန့်ရှင်းရေးပြုလုပ်ရတာခက်ခဲတာမျိုးတွေကို မဖြစ်နိုင်ပါဘူး။

၂။ ဘေစင် အမှိုက်စစ်တဲ့ ဇကာကိုသန့်ရှင်းခြင်း

တစ်နေ့တာချက်ပြုတ် ဆေးကြောတာပြီးဆုံးသွားတဲ့အခါမှာ မီးဖိုချောင်ဘေစင်ရဲ့ အမှိုက်စစ်တဲ့ဇကာကိုပုံမှန်သန့်ရှင်းပေးပါ။

၃။ မနက်မျက်နှာသစ်ပြီး ရေချိုးခန်းဘေစင်သန့်ရှင်းခြင်း

မနက်မျက်နှာသစ်ပြီးတဲ့နောက်မှာ ရေချိုးခန်းဘေစင်ကို သန့်ရှင်းပေးပြီး အဝတ်​​ဖြင့်​ရေကိုခြောက်အောင်သုတ်ပေးပါတယ်။

၄။ ညစ်ပေတာရှိတဲ့အခါ အိမ်သာကိုသန့်ရှင်းခြင်း

အိမ်သာကို ဘယ်နေ့မှာသန့်ရှင်းရေးလုပ်မယ်စတဲ့သတ်မှတ်တာမျိုးမလုပ်ပဲ၊ အိမ်သာမှာ ညစ်ပေတာတွေ့တဲ့အခါပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးသွားပါ။

ဂျပန်အိမ်ရှင်မတွေဟာ ​နေ့တဓူဝ အိမ်မှုကိစ္စတွေပြီးတဲ့နောက်မှာ ပုံမှန်သန့်ရှင်းရေးပြုလုပ်သွားတဲ့အလေ့အထလေးကိုကျင့်သုံးလေ့ရှိကြပါတယ်။ မေမေတို့အတွက်ခု​ဝေမျှပေးတဲ့နည်းလေးတွေက အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။






Previous
Previous

အကြောပြတ်ရာတွေနဲ့ အသားအရေလျော့တွဲခြင်းကိုကာကွယ်ကုသနည်း

Next
Next

ဘေဘီလေးတွေကိုမကျွေးသင့်တဲ့အစားအစာများ