အကြောပြတ်ရာတွေနဲ့ အသားအရေလျော့တွဲခြင်းကိုကာကွယ်ကုသနည်း

မဂ်လာပါ မေမေတို့ရေ

ဒီနေ့မှာတော့ အမျိုးသမီးတော်တော်များများကြုံတွေ့ရလေ့ရှိပြီး မေမေတွေမှာပိုကြုံတွေ့ရတတ်တဲ့ အကြောပြတ်ရာတွေနဲ့ ကလေးမွေးပြီးနောက်ပိုင်းကြုံတွေ့ရလေ့ရှိတဲ့ အသားအရေလျော့တွဲခြင်းတွေကိုဘယ်လိုကာကွယ် ကုသရမလဲဆိုတဲ့ အကြောင်းအရာလေးကို တင်ဆက်ပေးသွားမှာပါနော်.

ကိုယ်ဝန်ဆောင်ချိန် ဟော်မုန်းအပြောင်းအလဲများကြုံတွေ့ရခြင်း၊ ရုတ်တရက်ကိုယ်အလေးချိန်တက်ခြင်း၊စိတ်ဖိစီးမှုများခြင်း စသည်တို့ကြောင့် အကြောပြတ်ရာ (strech marks) များဖြစ်ပေါ်လာတတ်ပါတယ်။

အကြောပြတ်ရာမဖြစ်ပေါ်လာစေဖို့ ကိုယ်ဝန်ဆောင်ကာလမှစ၍ အဆီဓာတ်ကိုအခြေခံတဲ့ moisturizer (ဥပမာ- jojoba oil or coconut oil) တစ်မျိုးမျိုးကို မနက်တစ်ကြိမ် ညတစ်ကြိမ်ခန့် နှိပ်နယ်လိမ်းပေးသင့်ပါတယ်။ အသားအရေကိုရေဓာတ်ဖြည့်ပေးရုံသာမကသွေးလည်ပတ်မှုကိုလည်းကောင်းစေပါတယ်

* အကြောပြတ်ရာတွေကိုကုသနိုင်မယ့်သဘာဝပစ္စည်းလေးတွေကတော့

- သံလွင်ဆီ
- အာလူး
- ကြက်ဆူဆီ
- သခွားသီး + သံပုရာသီး
- ရှားစောင်းလတ်ပတ်
- သကြား+ သံပုရာသီး + သံလွင်ဆီ စသည်တို့နဲ့သဘာဝအတိုင်းအကြောပြတ်ရာများသက်သာအောင်ပြုလုပ်နိုင်ပါတယ်။
စိတ်ရှည်ရှည်နဲ့ပြုလုပ်ပေးဖိုတော့လိုပါတယ်နော်။

* Spa သွားခြင်း ၊ဆရာဝန်ညွှန်ကြာသောလိမ်းဆေးများလိမ်းပေးခြင်းဖြင့်လည်းကုသနိုင်ပါတယ်။

ကလေးမွေးပြီးအသားအရည်လျော့တွဲခြင်းအတွက်ကတော့အရမ်းစိတ်ပူစရာမလိုပါဘူးနော်။

နို့တိုက်နေ​​ခြင်းဟာ calories တွေကိုလောင်ကျွမ်းစေတဲ့အတွက် calories တွေကိုဆက်လက်ထိန်းသိမ်းနိုင်စွမ်းမရှိပါဘူး။

ဝမ်းဗိုက်ကြွက်သားများပြန်လည်တင်းရင်းစေဖို့အတွက် sit-ups/push-ups တို့လို strength training လုပ်ပေးသင့်ပါတယ်။ကလေးလေးမွေးပြီး6လလောက်မှာစလုပ်ပေးနိုင်ပါတယ်။ yoga လိုမျိုး low-impact strength training မျိုးကိုတော့ ကလေးမွေးပြီး 3လ လောက်မှစလုပ်နိုင်ပါတယ်။

အသားအရေတင်းရင်းဖို့အတွက် collagen သို့မဟုတ် vitamin C ပါဝင်တဲ့ Lotions မျိုးကိုရွေးချယ်သုံးပေးသင့်ပါတယ်။
protein နှင့် အာဟာရပြည့်ဝတဲ့အစားအစာတွေ ကိုပိုပြီးစားသုံးပေးသင့်ပါတယ်။

မေမေနှင့်ကလေးလေးတို့၂ယောက်လုံးအတွက် လလိုအပ်တဲ့အာဟာရတွေရရှိဖို့ နို့တိုက်နေရင် protein နှင့် healthy fats ကိုပိုပြီးတော့စားသင့်ပါတယ်။

အဓိကအရေးအကြီးဆုံးအချက်ကတော့ရေများများသောက်ပေးရပါမယ်။ရေဓာတ်က ခန္ဓာကိုယ်ပြောင်းလဲမှုနှင့် အကြောပြတ်ရာများအတွက် collagen ထုတ်လုပ်မှုကိုတိုးမြှင့်ပေးပါတယ်။ရေကိုတနေ့အနည်းဆုံး 8 ခွက်လောက်သောက်ပေးသင့်ပါတယ်။

ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းအရာလေးကမေမေတို့အတွက်အထောက်အကူဖြစ်မယ်လို့မျှော်လင့်ပါတယ်နော်

Previous
Previous

အသီးအရွက်မကြိုက်တဲ့ကလေးတွေအတွက် နည်းကောင်းများ

Next
Next

From Japanese Mom #3