အစားအသောက်နဲ့ ကျန်းမာလှပတဲ့အသားအရေရယူကြမယ်

အစားအသောက်နှင့် အသားအရေထိန်းသိမ်းခြင်း

မေမေတို့ရေ ကလေးအမေတစ်ယောက်ဖြစ်လာရင်ကလေးတွေနဲ့ အိမ်မှုကိစ္စတွေကိုပဲအချိန်ပေးပြီး ကိုယ့်ရဲ့အလှအပအတွက်အချိန်မပေးနိုင်တဲ့ မိခင်တွေရှိကောင်းရှိနိုင်ပါတယ်။ ကလေးမွေးပြီးရင် ခန္ဓာကိုယ်ရဲ့ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေခြောက်သွေ့ပြီး၊ ညစ်နွမ်းတာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါတွေဟာလည်း အစားအသောက်နဲ့ သက်ဆိုင်နေတာဖြစ်လို့ အသားအရေလှပဖို့ စားသုံးသင့်တဲ့အစားအသောက်နဲ့ ရှောင်သင့်တဲ့အစားအသောက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

အသားအရေလှပဖို့အတွက်စားသင့်တဲ့ အစားအစာများ

အသီးအနှံ အသီးအနှံများတွင်ပါဝင်သော ဗီတာမင် စီ သည် collagen ထုတ်လုပ်မှုအတွက်မရှိမဖြစ်သော ဗီတာမင်တစ်မျိုးဖြစ်တယ်။ ဗီတာမင်စီကို ခန္ဓာကိုယ်ကမထုတ်လုပ်နိုင်တာကြောင့် နေ့စဥ်စားနေတဲ့ အစားအစာတွေမှာ ဗီတာမင်စီပါဝင်တဲ့အစားအသီးအနှံတွေကို ပုံမှန်ပါဝင်အောင်စားပေးပါ။

ကြက်ဥ၊ အဝါရောင်၊အစိမ်းရောင်ဟင်းသီးဟင်းရွက်များ

မုန်လာဥ၊ ရွှေဖရုံသီး၊ ပန်းပွင့်စိမ်း စတဲ့အစိမ်းရောင် အဝါရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ဗီတာမင်အေပါဝင်ပါတယ်။ ဗီတာမင်အေဟာ အသားအရေပျက်စီး၊ကြမ်းတမ်းတာတွေကို ပြုပြင်ပေးလို့ကျန်းမာလှပတဲ့အသားအရေကို လိုချင်တဲ့သူတွေအတွက်မရှိမဖြစ်ပါ။

အသဲ၊ ငါး၊ အသား

အသားအရေကိုထိန်းညှိနိုင်ရန်အတွက် ဗီတာမင်ဘီပါဝင်တဲ့ အနီ​ရောင် အသား၊ငါးတို့ကို စားသုံပေးရန်လိုအပ်ပါတယ်။ အသဲမှာပါတဲ့ ဗီတာမင် ဘီ 2 ဟာ အသားအရေရဲ့ကျန်းမာမှုကိုထိန်းသိမ်းပေးပြီး ဆဲလ်တွေပြန်လည်ကောင်းမွန်အောင်လည်းပြုလုပ်ပေးပါတယ်။

Almond

Almond တွင်ဗီတာမင် အီးကြွယ်ဝစွာပါဝင်ပြီး၊ အသားရေကြမ်းတမ်းခြင်း၊ တင်းတိတ်စတာတွေကိုဖြစ်ပေါ်စေတာတွေကို ကာကွယ်ပေးပါတယ်။

ကျန်းမာကောင်းမွန်တဲ့အသားအရေရရှိဖို့အတွက်မစားသင့်တဲ့အစားအသောက်များ

သကြားဓာတ်များလွန်းတဲ့အချိုမုန့်၊ ဆီကြော်အစားအစာများ သကြားဓာတ်များစွာပါဝင်တဲ့ အချိုမုန့်တွေဟာအသားအရေ ကြမ်းတမ်းပျက်စီးတာတွေဖြစ်စေတဲ့ ဓာတ်ကိုထုတ်ပေးတာဖြစ်ပြီး၊ ဆီကြော်အစားအသားတွေက အသားအရေကြမ်းတမ်းပျက်စီးစေတဲ့အတွက်ဖြစ်နိုင်ရင် မစားပါနဲ့။

အသားအရေလှပဖို့အတွက် သောက်ပေးသင့်တာတွေက Green Tea ၊ Tomato Juice ၊ ပဲနို့၊ ရေနွေးနွေးလေး စတာတွေဖြစ်ပြီး၊ အသားအရေအတွက် ဆိုးကျိုးဖြစ်စေတဲ့ အရက်၊ ကဖိန်းဓာတ်စတာတွေကိုအလွန်အကျွံသောက်တာမျိုးတွေကိုရှောင်သင့်ပါတယ်။

အသားအရေအတွက်ကို အချိန်ကုန်၊ ငွေကုန်မခံချင်တဲ့ မေမေတို့အတွက် နေ့စဥ်စားသုံးနေတဲ့ အစားအသောက်တွေနဲ့ပဲ ကျန်းမာလှပတဲ့အသားအရေကိုရယူနိုင်ကြပါစေနော်


Previous
Previous

ဘယ်လိုအရာတွေက လေးဖက်သွားဖို့ နောက်ကျစေတတ်လဲ

Next
Next

ဦးနှောက်ဖွံ့ဖြိုး ဉာဏ်ရည်တိုးဖို့ အာဟာရ (၈) မျိုး ကျွေးကြစို့