ကလေးမွေးပြီးချိန် ကိုယ်ဝန်ထပ်ရဖို့လွယ်ပါသလား ?

ကလေးမွေးပြီးချိန် ကိုယ်ဝန်ထပ်ရဖို့လွယ်ပါသလား အချိန်ဘယ်လောက်ဆို ရနိုင်မလဲ?

ကလေးမွေးပြီးချိန် နောက်ထပ်ကိုယ်ဝန်ရလွယ်တယ်လို့ တချို့ကကြားဖူးကြသလို တချို့ကလည်းကိုယ်ဝန်ရရခက်တယ်လို့ ကြားဖူးကြမှာပါ။ ဒုတိယ သို့မဟုတ် တတိယမြောက်ကလေးကို မြန်မြန်လိုချင်တဲ့ မေမေတွေအတွက် ဒီတစ်ခါမှာတော့ မီးဖွားပြီးချိန် ပြောင်းလဲသွားသော ခန္ဓာကိုယ်အခြေအနေနောက်ထပ်ကိုယ်ဝန်ရနိုင်ချိန်တွေ နှင့် မျိုးဥကြွေချိန် အကြောင်းလေးတွေကို ပြောပြချင်ပါတယ်။

ကလေးမွေးပြီးချိန် ပြောင်းလဲလာသောရုပ်ပိုင်းဆိုင်ရာ အခြေအနေက ဘာတွေဖြစ်မလဲ?

မိခင်နို့တိုက်ကျွေးခြင်းကြောင့်Prolactin ခေါ်သောမိခင်ဟော်မုန်း ထွက်လာပါတယ်။ ကလေးနို့စို့နေတဲ့ကာလမှာ ထိုဟော်မုန်းဟာ ရာသီစက်ဝန်းနှင့် မျိုးဥကြွေချိန်ကိုလည်း ခဏတာရပ်တန့်စေပါတယ်။ နို့တိုက်နေချိန် ရာသီလာတဲ့လူရှိသလို တချို့မလာတဲ့လူလည်းရှိပါတယ် ပိန်လွန်းတဲ့မေမေတွေဟာလည်း ဓမ္မတာပြန်စဖို့ နှောင့်နှေးတတ်ပါတယ်။ တကယ်လို့ ကလေးမွေးပြီး ၆လအတွင်း ကိုယ်ဝန်ထပ်ရခဲ့ပါက လမစေ့ပေါင်မပြည့်မွေးဖွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

မီးဖွားပြီးချိန် ကိုယ်ဝန်ထပ်ရဖို့ ဘာကြောင့်လွယ်တာလဲ?

သားအိမ်နှင့် သားဥပြွန်များသည် ကလေးမွေးဖွားခြင်းကြောင့် သန့်ရှင်းနေပြီးမျိုးအောင်တဲ့ မမျိုးဥဖြစ်ဖို့ လွယ်ကူနေတတ်တယ်လို့ကြားဖူးကြမယ်ထင်ပါတယ်။ဒါပေမယ့် ဆေးပညာအရ တပ်အပ်မပြောနိုင်သလို အမျိုးသမီးတစ်ဦးနှင့်တစ်ဦး ကွဲပြားသောကြောင့်ကိုယ်ဝန်ထပ်ရနိုင် မရနိုင် သေချာမပြောနိုင်ပါဘူး။ဒါပေမယ့် နို့မတိုက်ခဲ့ရင်တော့ Prolactin အထွက်နည်းတာမို့ နို့တိုက်မိခင်ထက် ကိုယ်ဝန်ထပ်ရနိုင်ခြေများပါတယ်။

နို့တိုက်မိခင်များက မီးဖွားပြီး ၅လခန့် ဆို မျိုးဥကြွေနိုင်ချေ ၅၀ရာခိုင်နှုန်းရှိတတ်ပြီး အကြောင်းအမျိုးမျိုးကြောင့် နို့မတိုက်နိုင်ဘဲကလေးငယ်ကိုFormula ကူနေရတဲ့မေမေတွေဟာ၃လခန့်တွင်မျိုးဥကြွေနိုင်ချေ ၁၀၀ရာခိုင်နှုန်းရှိပါတယ်။ ဒါကြောင့်မို့ ရာသီပြန်မလာသေးချိန်နှင့်နို့တိုက်နေတဲ့ကာလတလျောက် မျိုးဥကြွေနိုင်သောကြောင့် ကိုယ်ဝန်ရနိုင်ချေရှိပါတယ်။ မီးဖွားပြီးပြီးချင်း နောက်ထပ် ကလေးလိုချင်သူများအတွက် မိခင်ရောကလေးပါ အန္တရာယ်ဖြစ်နိုင်ခြေများတာမို့ အလျင်စလို မဆုံးဖြတ်သင့်ပါဘူး။

ဟော်မုန်းများဟန်ချက်ပြန်ညီရန် အချိန်ယူရသောကြောင့် ရာသီသွေးမူမမှန်မှုများက အချိန်အတိုင်းအတာတစ်ခုထိ ဆက်လက်ဖြစ်ပေါ်နေတတ်ပါတယ်။ စိတ်ရောကိုယ်ပါကျန်းမာစေရန် ကိုယ်ဝန်ရလွယ်တဲ့ခန္ဓာကိုယ်ကို တည်ဆောက်ဖို့အတွက် ကျန်းမာတဲ့ဘဝကိုပိုင်ဆိုင်ရန် အရေးကြီးသလို ကလေးမမွေးခင်လည်း ဒီလိုပါပဲရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာထိန်းသိမ်းခြင်းဟာလည်း ကိုယ်ဝန်ရနိုင်ခြေကို တိုးမြှင့်လာနိုင်စေရန်အတွက် နည်းလမ်းတစ်ခုပါ။တနေ့လျှင် သုံးနပ် အာဟာရမျှတစွာစားပါ Vegetable Juice နှင့် အသီးအနှံများစားပေးပါ နို့တိုက်ကျွေးခြင်းက မိခင်ရဲ့ကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။

ထို့အပြင် ကလေးမီးဖွားပြီးနောက် အမျိုးသမီးအများစုသည် ဝိတ်တက်ခြင်းနှင့်ကိုယ်အလေးချိန်အမြန်ချလိုခြင်းတို့အတွက် စိုးရိမ်နေတတ်သောကြောင့် လေ့ကျင့်ခန်းအလွန်အကျွံလုပ်ခြင်းနှင့်dietary restrictions များ ကို သတိထားစေချင်ပါတယ်။ နေ့ရောညပါ ကလေးကို ပြုစုစောင့်ရှောက်ရတာမို့ ညဘက်ကောင်းကောင်းအိပ်မရခြင်း၊ဟော်မုန်းပြောင်းလဲနေခြင်းကြောင့်စိတ်အခြေအနေရှုပ်ထွေးနေတတ်ပါတယ်။

ဒီလိုအချိန်မျိုးမှာ ခင်ပွန်းသည်နှင့်မိသားစုက မေမေကို အချိန်ပေးကူညီပေးဖို့လိုပါလိမ့်မယ်။ မီးဖွားပြီးနောက် ကိုယ်ဝန် ချက်ချင်းထပ်ယူရာတွင် မေမေရဲ့ စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ အခြေအနေများကို ထည့်သွင်းစဉ်းစားပေးဖို့ မမေ့ပါနဲ့နော်။ကျန်းမာသာယာသောမိသားစုဘဝပိုင်ဆိုင်ဖို့ရာ ဖေဖေနှင့်မေမေ အရင်ဆုံး ဆွေးနွေးညှိနှိုင်းပြီးမှ သက်ဆိုင်ရာဆရာဝန်နှင့်တိုင်ပင်သင့်ပါတယ်။

ရေသားသူ- Hnin Oo Yee (Mom Content Writer)


Previous
Previous

{You are the best MOM}Vol.9

Next
Next

DIY Photo Frame လုပ်ကြည့်ရအောင်