{You are the best MOM}Vol.9

ကလေးငယ်တွေရဲ့ အာရုံစူးစိုက်မှုကိုပြုစုပျိုးထောင်ဖို့ အတွက် “ပျော်ရွှင်မှု၊ လုပ်နိုင်စွမ်း၊ နားလည်မှု”ဆိုတဲ့ အချက်တွေကအရေးကြီးဆုံးပါ

ကလေးငယ်တွေရဲ့ကလေးငယ်တွေရဲ့ အာရုံစူးစိုက်မှုအားနည်းခြင်းဟာလည်း မေမေတို့အတွက်စိုးရိမ်ပူပန်မှုတစ်ခုပါပဲနော်။ များသောအားဖြင့် ယောကျ်ားလေးတွေကိုထိန်းကျောင်းရတဲ့ မိခင်တွေကပိုတွေ့ကြုံရနိုင်ပါတယ်။ မိန်းကလေးတွေဟာ အမျိုးမျိုးသောအကြောင်းအရာတွေကိုစိတ်ဝင်စားတတ်ပြီး၊ မိဘတွေရဲ့ပြောတဲ့စကားကိုလည်းအာရုံစူးစိုက်ပြီးနားထောင်ကြပါတယ်။ ယောကျ်ားလေးတွေကတော့သူတို့စိတ်ဝင်စားတဲ့အရာကိုသာ အာရုံစူးစိုက်တတ်ကြပါတယ်။ ကလေးငယ်တွေရဲ့ အာရုံစူးစိုက်မှုကိုဘယ်လိုမြှင့်တင်ပေးကြမလဲ။

ကလေးတွေဟာအသက်၂နှစ်အရွယ်လောက်ကနေ တစ်ခုခုကိုအာရုံစူးစိုက်တတ်လာကြပါတယ်။ ဥပမာ- ကစားစရာတစ်ခုခုကို အာရုံစူးစိုက်ပြီးဆော့နေတဲ့ အခါမျိုးတွေမှာ ကလေးကို "ဘာလုပ်နေတာလဲ" "ဘာနဲ့ဆော့နေတာလဲ" စသည်ဖြင့် မေးတတ်ကြပါတယ်။ အဲ့လိုမေးလိုက်တဲ့အခါမှာ သူတို့လေးတွေရဲ့ အာရုံစူးစိုက်မှုကိုပျောက်သွားစေပါတယ်။ (အန္တရာယ်များတဲ့အရာဆိုရင်တော့တားပါ) ကလေးက အသံတိတ်ပြီး ကစားစရာကို ပဲအာရုံစိုက်ပြီး ကစားနေတဲ့အချိန်မှာ မေမေတို့က အသံမပေးပဲဂရုစိုက်စောင့်ကြည့်ပေးပါနော်။

ကလေးငယ်တွေကဘယ်လိုအချိန်တွေမှာအာရုံစူးစိုက်တတ်ကြသလဲ။ အပေါ်မှာပြောခဲ့တဲ့အတိုင်း ကလေးတွေဟာ တစ်ယောက်ထဲ အသံတိတ်ပြီး ကစားစရာတစ်ခုကိုပဲစိတ်ဝင်တစားဆော့နေတဲ့အချိန်ပါပဲ။ ကလေးတွေအာရုံစူစိုက်မှုကိုတိုးတက် စေတဲ့ Puzzle ၊ Block တုံးစတဲ့ကစားစရာမျိုးတွေနဲ့ ကစားခိုင်းပါ။ ကလေးငယ်တွေကသူတို့ကိုယ်တိုင် စဥ်းစားပြီးဖန်တီးနိုင်မှုအပေါ် ပျော်ရွှင်မှု၊ လုပ်နိုင်စွမ်း၊ နားလည်မှု ဆိုတဲ့ အချက်တွေက အာရုံစူးစိုက်မှုကိုမြှင့်တင်စေနိုင်ဖို့ များစွာအထောက်အကူဖြစ်စေပါတယ်။


Previous
Previous

ဘာသာစကားသင်ယူနေတဲ့ကလေးတွေအတွက်ထိရောက်စေမယ့်နည်းလမ်း(၅)ခု

Next
Next

ကလေးမွေးပြီးချိန် ကိုယ်ဝန်ထပ်ရဖို့လွယ်ပါသလား ?