{You are the best Mom} Vol.11

ကလေးတွေအသက် ၄နှစ်အရွယ်ရောက်လာရင် စာလုံး​တွေဖတ်နိုင်တယ်၊ ပန်းချီဆွဲနိုင်တယ် စသည်ဖြင့် လုပ်နိုင်တဲ့အရာလေးတွေဖွံဖြိုးတိုးတက်လာတာကိုတွေ့မြင်ကြရမှာပါ။ ဒီလိုအခါမျိုးတွေမှာ မိခင်တွေအနေနဲ့ တစ်ခြားကလေးကတော့ ဂဏန်းတွေရေတွက်နိုင်ပြီး၊ ကိုယ့်ကလေးကတော့ မရေတွက်နိုင်ဘူး စတဲ့ နှိုင်းယှဥ်ပြီး အားမရတာ၊ စိတ်ပူပန်တာမျိုးတွေရှိတတ်ကြပါတယ်။ ကလေးငယ်တွေရဲ့ဖွံ့ဖြိုးမှုဟာ တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ တစ်ခြားကလေးတွေနဲ့နှိုင်းယှဥ်​ခြင်းထက် မိမိက​လေးရဲ့ လွန်ခဲ့တဲ့၁နှစ်က အချိန်တွေနဲ့နှိုင်းယှဥ်ကြည့်ပေးပါ။ ၃နှစ်အရွယ်နဲ့ လက်ရှိ ၄နှစ်အရွယ်ကိုနှိုင်းယှဥ်ပြီး ကလေးလုပ်နိုင်တာတွေပိုများလာတယ်ဆိုရင်ပဲ ကောင်းမွန်တဲ့ဖွံဖြိုးမှုတိုးတက်မှုပါ။

ကလေးရဲ့ မလုပ်နိုင်တဲ့အရာတွေကို အာရုံမစိုက်မနေပဲ ကလေးရဲ့လုပ်ဆောင်နိုင်တဲ့အရာတွေကိုပဲ ရှာကြည့်ပေးပါ။

ကလေးတွေရဲ့တဖြည်းဖြည်းပုံမှန်ဖွံဖြိုးမှုလေးတွေကို မိဘကသတိမထားမိတာမျိုးလည်းရှိတတ်ပါတယ်။ ဥပမာ- မူကြိုစတက်ခါစမှာ ငိုခဲ့ပေမယ့်၊ တစ်ပတ်၊ တစ်လကြာတဲ့အခါမှာ မငိုပဲသွားနိုင်တာဟာလည်း ကလေးငယ်တွေရဲ့ဖွံဖြိုးမှုတစ်ခုဖြစ်ပါတယ်။ မိမိကလေးရဲ့ မလုပ်ဆောင်နိုင်တဲ့အရာတွေကို တွေးပြီးစိုးရိမ်မနေပဲ၊ ကလေးရဲ့လုပ်ဆောင်နိုင်တဲ့အရာတွေကို ရှာဖွေပြီးအသိအမှတ်ပြုအားပေးပါ။

သေးငယ်တဲ့ဖွံဖြိုးမှုလေးတွေကအစ အသိအမှတ်ပြုပေးပါ။

က​လေးကမနေ့ကမူကြိုမှာ ဆရာမကိုမနှုတ်ဆက်နိုင်ပေမယ့်၊ ဒီနေ့တော့ အသံတိုးတိုးလေးနဲ့နှုတ်ဆက်နိုင်ခဲ့တယ်ဆိုရင် မနက်ဖြန်အသံကျယ်ကျယ်နဲ့ နှုတ်ဆက်နိုင်လာမှာအသေအချာပါပဲ။ "ဘာကြောင့်မလုပ်နိုင်ရတာလဲလို့ "ကလေးကိုအပြစ်တင်မယ့်အစား၊ "မင်းလုပ်နိုင်ခဲ့တာပဲ" လို့ အသိအမှတ်ပြုပေးခြင်းဟာလည်း ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်။

Previous
Previous

ဘေဘီလေးတွေကိုမကျွေးသင့်တဲ့အစားအစာများ

Next
Next

အရွယ်တင်နုပျိုချင်တဲ့အမျိုးသမီးများအတွက်