အရွယ်တင်နုပျိုချင်တဲ့အမျိုးသမီးများအတွက်

မိမိရဲ့ရှိရင်းစွဲအသက်ထက် ပိုပြီးအရွယ်တင်နုပျိုချင်ကြတာ အမျိုးသမီးတိုင်းပါပဲနော်။ ဒီဆောင်းပါးမှာတော့ အရွယ်တင်တဲ့အမျိုးသမီးတစ်ယောက်မှာတွေ့ရတတ်တဲ့ အချက်တွေနဲ့ အရွယ်တင်နုပျိုစေဖို့နည်းလမ်းတွေကို ဝေမျှပေးပါမယ်။

ရှိရင်းစွဲအသက်ထက်ပိုပြီး အရွယ်တင်နုပျိုတဲ့ သူတွေမှာရှိတတ်တဲ့အချက်များ

၁။ တင်းရင်းသောအသားအရေ

မျက်နှာမှာ အရေပြားတွဲ​ခြင်း၊ အရေးကြောင်းတွေရှိရင် အိုမင်းတဲ့ပုံစံကိုဖြစ်ပေါ်စေပါတယ်။ နုပျိုတဲ့သူအများစုက တင်းရင်းတဲ့အသားအရေကိုပိုင်ဆိုင်ထားကြပါတယ်။

၂။ ခန္ဓာကိုယ်ကိုထိန်းသိမ်းခြင်း

မိမိရဲ့ အကောင်းဆုံး ကိုယ်အလေးချိန်နှင့် ကိုယ်ခန္ဓာပုံသဏ္ဍန်ကို သေချာထိန်းသိမ်းထားနိုင်တဲ့သူတွေဟာလည်း နုပျိုကြပါတယ်။ ပိန်လွန်းခြင်း၊ ဝလွန်းခြင်းဟာလည်း အိုမင်းတဲ့ပုံကိုဖြစ်စေလို့ ပုံမှန်ခန္ဓာကိုယ် အနေအထားကိုထိန်းသိမ်းထားနိုင်ရင်အကောင်းဆုံးပါ။

၃။ အပြုံးမျက်နှာ

နုပျိုတဲ့သူတွေဟာ အမြဲပြုံးရွှင် ပျော်ပျော်နေတတ်ပြီး၊ အနားမှာရှိတဲ့သူတွေကိုပါ ပျော်ရွှင်မှုတွေကူးစက်စေပါတယ်။

၄။ Natural Makeup

အရမ်းထူလွန်းတဲ့ makeup look ဟာရုပ်ကိုရင့်စေတဲ့အတွက် သဘာဝဆန်ဆန်မိတ်ကပ်လေးတွေက ငယ်ရွယ်ပုံကိုပေါ်စေပါတယ်။

၅။ ကိုယ်နေကိုယ်ဟန်အနေအထား

နုပျိုတဲ့သူတွေဟာ မှန်ကန်တဲ့ကိုယ်ဟန်အနေအထားရှိတာလည်းထူးခြားတဲ့အချက်တစ်ခုပါ။လက်ပြင်ကုန်းနေခြင်းဟာ ရှိရင်းစွဲအသက်ထက်လူကိုအိုမင်းတဲ့ပုံစံကိုဖြစ်စေနိုင်ပါတယ်။

၆။ လိုက်ဖက်တဲ့ အဝတ်အစား

ငယ်ရွယ်သူတွေဝတ်တဲ့အဝတ်အစားကိုဝတ်မှ ငယ်ရွယ်ပုံပေါက်တာမဟုတ်ပဲ၊ မိမိနဲ့လိုက်ဖက်တဲ့ဖက်ရှင်ကို ကောင်းစွာနားလည်ပြီး ဝတ်စားတတ်ဖို့ကလည်း အရေးကြီးပါတယ်။

ရှိရင်းစွဲအသက်ထက်နုပျိုစေဖို့ နည်းလမ်း(၆)ချက်

၁။ ကျန်းမာလှပတဲ့အသားရေပိုင်ဆိုင်ဖို့ အပြင်စာ၊ အသင့်စားအစားအစာကို လျော့ပြီး၊ အာဟာရပြည့်ဝစွာစားသုံးပေးပါ။

၂။ အိပ်ချိန် မလုံလောက်တဲ့အခါ အသားအရေညစ်ပြီး အရေးကြောင်း၊ မျက်ကွင်းညိုတာတွေဖြစ်စေနိုင်ပြီး ရုပ်ကိုပိုရင့်စေလို့ လုံလောက်တဲ့အိပ်စက်ချိန်ရှိဖို့လိုအပ်ပါတယ်။

၃။ ပုံမှန်ကိုယ်လက်လှုပ်ရှားပြုလုပ်ပေးခြင်းဟာ ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်ခြင်း၊ မှန်ကန်တဲ့ ကိုယ်ဟန်အနေအထားကို ရရှိစေပြီး အရွယ်တင်နုပျိုစေပါတယ်။

၄။ ဖုန်း၊ ကွန်ပြူတာတွေကို အာရုံစိုက်ပြီး အသုံးပြုတဲ့အခါမှာ လက်ပြင်ကုန်းခြင်းစတာတွေကို သတိထားပြီး မှန်ကန်တဲ့ကိုယ်နေကိုယ်ဟန်အနေအထားရှိစေရန်ဂရုစိုက်ပေးပါ။

၅။ မိမိနှင့်လိုက်ဖက်တဲ့ ဖက်ရှင်၊ အဝတ်အစား၊ အရောင်စတာတွေကို ကောင်းစွာနားလည်ပြီး၊ လိုက်ဖက်စွာဝတ်စားတတ်ဖို့ကလည်း အရေးကြီးပါတယ်။

၆။ ထူလွန်းသော မိတ်ကပ်အပြင်အဆင်တွေဟာ ရုပ်ကိုပိုမိုရင့်ရော်စေလို့ သဘာဝဆန်ဆန် makeup look က နုပျိုတဲ့ပုံသဏ္ဍာန်ကိုရရှိစေပြီး၊ အသားအရေပျက်စီးမှုကိုလည်းလျော့နည်းစေပါတယ်။


Previous
Previous

{You are the best Mom} Vol.11

Next
Next

နွေရာသီကာလဘေဘီလေးတို့မိတ်မပေါက်စေဖို့