{You are the best MOM}Vol.10

မိခင်တိုင်းက ကိုယ့်သားသမီးကို ကြင်နာတတ်တဲ့ကလေးတစ်ယောက်ဖြစ်စေချင်ကြတာ မိခင်တွေမျှော်လင့်ချက်ပဲနော်။ သားသားမီးမီးလေးတွေက သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ကစားနေတာကိုမြင်ရရင် ဒီမေမေမှာလည်းပျော်ရွှင်ရပါတယ်။ ဒါဆိုရင် ကစားစရာလုရင်း အငြင်းအခုံဖြစ်တဲ့ကလေးငယ်တွေဟာ ကြင်နာတတ်တဲ့ကလေးငယ်တွေမဟုတ်ဘူးပေ့ါ။ အဲ့လိုတော့မဟုတ်ပါဘူးနော်။

စိတ်ပိုင်းဆိုင်ရာဖွံဖြိုးမှုအရ ကလေးတွေဟာ အသက်၅နှစ်အရွယ်မှစ၍တဖက်သားရဲ့ခံစားချက်ကိုနားလည်နိုင်မှာဖြစ်ပြီး ငယ်ရွယ်စဥ်မှာတော့ တဖက်သားရဲ့ခံစားချက်ကို နားမလည်သေးကြပါဘူး။ အသက်၅နှစ်အရွယ်ကနေစပြီး တဖက်သားရဲ့စိတ်ခံစားချက်ကို နားလည်နိုင်လာပြီး "ဒီလိုပြုလုပ်ခံရရင် သူနှစ်သက်မလား" "ဒီလိုလုပ်လိုက်ရင် သူပျော်မလား" စတဲ့ တဖက်သားရဲ့နေရာကနေဝင်ပြီး စဥ်းစားတွေးပေးနိုင်လာပါမယ်။

မိန်းကလေးများသည် စာနာစိတ်မြင့်မားကြပြီး တဖက်သားရဲ့စိတ်ခံစားချက်ကို ကောင်းစွာနားလည်လွယ်ကြပေမယ့်၊ ယောကျ်ားလေးတွေကတော့ လက်တွေ့နားလည်အောင်သင်ကြားပြောပြပေးဖို့လိုအပ်ပါတယ်။ သားယောကျ်ားလေးက သူ့ရဲ့ သူငယ်ချင်းတွေကို ကြမ်းတမ်းစွာပြုမူတဲ့အခါမျိုးတွေမှာ "သားဆိုရင်ရော သူငယ်ချင်းနေရာမှာဆို ဘယ်လိုခံစားရမလဲ" "သားအခုလိုလုပ်လိုက်တာ သူငယ်ချင်းက ပျော်မလား၊ ဝမ်းနည်းမလား" စတဲ့တဖက်သားရဲ့ခံစားချက်ကိုနားလည်သဘောပေါက်အောင် ပြောပြပေးရပါမယ်။ ကလေးတွေနားလည်အောင်ပြောပြပေးခြင်းအားဖြင့် တဖက်သားရဲ့ ခံစားချက်ကိုနားလည်ပြီး ကြင်နာတတ်တဲ့ကလေးတွေအဖြစ်ပြုစုပျိုးထောင်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်။

Previous
Previous

ကလေးတွေကိုမူကြိုမထားခင် မေမေတို့သင်ထားပေးသင့်တဲ့အချက်များ

Next
Next

ရွှေဖရုံသီးနှင့်ကလေးဖြည့်စွက်စာပြုလုပ်နည်း