ကလေးမွေးပြီး Diet စလုပ်နိုင်မယ့်အချိန်

ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးနို့တိုက်ချိန်မှာ ကလေးအတွက် အာဟာရပြည့်ပြည့်ဝဝ စားရလို့ အရင်ထက်ပိုပြီး ခန္ဓာကိုယ်အလေးချိန်များပြီးဝလာတတ်ကြပါတယ်။ ဝိတ်ချဖို့စဥ်းစားပေမယ့် တစ်နေ့တစ်နေ့ ကလေးဝေယျဝစ္စအိမ်မှုကိစ္စတွေနဲ့ ဝိတ်ချဖို့အချိန်မပေးနိုင်တဲ့ မေမေတွေ လည်းများမယ်လို့ထင်ပါတယ်။ ဒီတစ်ခါမှာတော့ ကလေးတစ်ဖက်နဲ့မေမေတို့ကို အိမ်မှာပဲနေရင်းဝိတ်ချလို့ရမယ့် နည်းလမ်းနဲ့ သတိထားရမယ့်အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။

ကလေးမွေးပြီး Diet ကဘယ်အချိန်မှာစလုပ်လို့ရမလဲ?

ကလေးမွေးပြီး Diet လုပ်ဖို့အချိန်က တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ပါဘူး။ ရိုးရိုးမွေးတဲ့ မေမေတို့က ကလေးမွေးပြီး ၃လ~၄လလောက်မှာစလုပ်လို့ရပေမယ့် ၊ ခွဲမွေးထားတဲ့မေမေတို့က ဆရာဝန်နဲ့ဆွေးနွေးပြီးမှ Diet လုပ်ဖို့အကြံပြုချင်ပါတယ်။ ကလေးမွေးပြီးတာနဲ့ အရင်ခန္ဓာကိုယ်အလေးချိန်ကိုအမြန်ပြန်ရချင်တယ်ဆိုတာ သိပေမယ့်၊ အဲ့အချိန်က ဝိတ်ချဖို့အတွက်အစားအသောက် ကန့်သတ်တာ၊ လျော့တာမျိုးတွေလုပ်ခြင်းဟာ မိခင်နို့ထွက်တာကိုဆိုးကျိုးဖြစ်စေတာကြောင့်သတိထားရပါမယ်။

တင်ပဆုံရိုးလေ့ကျင့်ခန်း

ကလေးမွေးပြီး ၃လ~လ၄လလောက်မှာ Diet လုပ်ဖို့စဥ်းစားတဲ့မေမေတွေအတွက် အိမ်မှာပဲအလွယ်တကူလုပ်လို့ချမယ့် နည်းလမ်းတွေကတော့ တင်ပဆုံရိုးလေ့ကျင့်ခန်း Diet ကလေးမွေးပြီးခန္ဓာကိုယ်ပြောင်းလဲလာရခြင်းအဓိကအကြောင်းက တင်ပဆုံရိုးဟလာခြင်းကြောင့်လို့ဆိုကြပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဟလာတဲ့တင်ပဆုံရိုးက ကလေးမွေးပြီး ၃လ~၄လ မှာအရင်အတိုင်းပြန်ဖြစ်တယ်လို့ဆိုပေမယ့်၊ ခါးရိုးကွေးခြင်း နှင့်ကြွက်သားများလျော့ရဲလာပါကလုံးဝပြန်ကောင်းလာမည်မဟုတ်ပါ။ ထို့ပြင်ကလေးမွေးဖွားပြီး တစ်နှစ်ခွဲအထိ တင်ပဆုံရိုးကိုဂရုစိုက်​ပေး ဖို့လိုတဲ့အတွက်ကြောင့်၊ တင်ပဆုံရိုးဟမသွားစေရန် တင်ပဆုံရိုးခါးပတ်ပတ်ခြင်း၊ Pelvic Floor Strengthening တွေလုပ်ပေးဖို့လိုအပ်ပါတယ်။

ကလေးချီရင်း Diet လုပ်ခြင်း

ကလေးမွေးပြီး အပြင်ထွက်ဖို့ခက်ခဲတဲ့မေမေတို့အတွက် အထူးသင့်တော်တာကတော့ ကလေးချီထားရင်း ထိုင်ထလုပ်ခြင်း (squat) ၊ ခါးလှည့်ခြင်းစတဲ့လေ့ကျင်ခန်မျိုးတွေလုပ်ပေးပါ။ ဒါ့အပြင် ကလေးကိုကျောပိုးထားပြီး အိမ်အလုပ်တွေလုပ်ပေးခြင်းအားဖြင့်လည်း၊ ကယ်လိုရီကိုလောင်ကျွမ်းစေပါတယ်။ အိမ်မှာပဲလုပ်လို့ရတဲ့လွယ်ကူတဲ့ နည်းလမ်းတွေဖြစ်လို့ ကလေးမွေးပြီးဝိတ်ချချင်နေတဲ့မေမေတို့အတွက် အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်ရှင့်။


Previous
Previous

ကလေးတွေစကားပြောနောက်မကျအောင် ပြုလုပ်ပေးဖို့အချက်၅ချက်

Next
Next

ကာကွယ်ဆေးအကြောင်းသိကောင်းစရာ