မိန်းမကိုယ်ယားယံခြင်း(မှိုစွဲခြင်း)

မင်္ဂလာပါမေမေတို့ရေ

အမျိုးသမီးအများစုကြုံတွေ့ရလေ့ရှိတဲ့ မိန်းမကိုယ်မှိုစွဲ ရောဂါအကြောင်း ဆောင်ရန်ရှောင်ရန်လေးတွေကို ပြောပါပေးသွားမှာပါနော်

ကိုယ်ဝန်ဆောင်ချိန်မှာလည်းဟော်မုန်းအပြောင်းအလဲတွေကြောင့် အထူးသဖြင့် ကြုံတွေ့ရနိုင်ပါတယ်။ အမျိုးသမီးများရဲ့မိန်းမကိုယ်(Vagina)မှာအဖြစ်များတဲ့မှိုရောဂါပိုးကတော့ Candida Albicans ဖြစ်ပြီးတော့သဘာဝအားဖြင့် မိန်းမကိုယ်အတွင်းမှာနေထိုင်ပါတယ်။တခြားဘက်တီးရီးယားတွေနဲ့မိန်းမကိုယ်အတွင်းမှာ Candida Albicans သည် သဟမျှတစွာနေထိုင်ပါတယ်။အချို့သောအခြေအနေတွေမှာ သဟမျှတမှုက ပျက်စီးသွားနိုင်ပါတယ်။

အဲ့ဒီ့အခါမှာတော့ Candida Albicans ကများစွာပွားလာပြီးတော့ မိန်းမကိုယ်မှိုစွဲရောဂါဖြစ်ပွားလာပါတယ်။မိန်းမကိုယ်မှိုစွဲ ရောဂါရဲ့ လက္ခဏာတွေကတော့ - မိန်းမကိုယ်အတွင်းနဲ့မိန်းမကိုယ်အဝင်ဝတစ်ဝိုက်မှာရှိတဲ့အရေပြား (Labia) တွင်ယားယံခြင်း၊မိန်းမကိုယ်တစ်ဝိုက်ပူလောင်ခြင်း - ဆီးသွားလျှင်/လိင်ဆံဆက်လျှင်နာကျင်ခြင်း ၊မိန်းမကိုယ်မှာအဖြူအဖတ်များဆင်းခြင်း - မိန်းမကိုယ်ရောင်ရမ်းခြင်း တို့ဖြစ်ပါတယ်နော်။

မိန်းမကိုယ်မှိုစွဲ ရောဂါဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကတော့ မတည့်သောအစားအသောက်စားမိခြင်း၊ မတည့်သောဆပ်ပြာနဲ့လျှော်ထားသောအဝတ်ဝတ်မိခြင်း၊မတည့်သော မိန်းမကိုယ်ဆေးရည်၊ ကွန်ဒုံး စတဲ့တစ်ခုခု သုံးမိရင်ဓာတ်မတည့်မှုဖြစ်ပေါပြီး မိန်းမကိုယ်ယားယံစေပါတယ်။ ဆပ်ပြာနှင့်ခဏခဏဆေးကြောခြင်း၊ ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း၊ ပိုးသတ်ဆေးသုံးခြင်း စိတ်ဖိစီးခြင်း၊ ဆီးချိုရောဂါရှိခြင်း စသည်တို့ကြောင့်လည်းရောဂါဖြစ်စေပါတယ်။

ခန္ဓာကိုယ်ခုခံအားကျဆင်းခြင်း၊ လေဝင်လေထွက်ကောင်းပြီးသန့်ရှင်းသောအတွင်းခံဝတ်ဆင်ခြင်း၊ အတွင်းခံကိုသေချာလျှော်ဖွတ်နေလှမ်းပြီးမှဝတ်ဆင်ခြင်း သို့မဟုတ် မီးပူတိုက်ဝတ်ဆင်ခြင်း၊ ဝမ်းမချုပ်အောင်နေထိုင်စားသောက်ခြင်း ဒိန်ချဉ်စားပေးခြင်း ဆီးသွားပြီးတိုင်းရေနှင့်သေချာဆေး၍စက္ကူသန့်သန့်ဖြင့်သုတ်ခြင်း၊ မိန်းမကိုယ်ဆေးရည်ကိုတစ်နေ့တစ်ကြိမ်ထက်ပိုမသုံခြင်း၊အိမ်ထောက်ဖက်နှင့်အတူနေပြီးတိုင်း ရေသေချာဆေးကြောခြင်း တို့ဖြင့်မိန်းမကိုယ်မှိုစွဲရောဂါမဖြစ်အောင်ကာကွယ်နိုင်ပါတယ်နော်။

မိန်းမကိုယ်ပိုးဝင်ရောဂါဟာအလွယ်တကူကုသ၍ရပါတယ်။ နီးစပ်ရာ OG သို့မဟုတ် နီးစပ်ရာဆရာဝန်များနှင့်ပြသနိုင်ပါတယ် မိန်းမကိုယ်အတွင်းထည့်ရသောဆေးတောင့်၊ လိမ်းဆေး၊ သောက်ဆေးတို့ဖြင့် ကုသလျှင် တစ်ပတ်အတွင်းပျောက်ကင်းနိုင်ပါတယ်။ မပျောက်မခြင်းလိင်ဆက်ဆံခြင်းကိုတော့ရှောင်ပေးဖို့လိုပါတယ်နော်။ မေမေတို့တွေလည်းဗဟုသုတရရှိပြီးအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်နော်..


ရေးသားသူ- Thinn Nandar Swe




Previous
Previous

တင်းတိပ်ဘာကြောင့်ထွက်တာလဲ ? တင်းတိပ်မထွက်အောင် ဘယ်လိုကာကွယ်ကြမလဲ

Next
Next

{You are the best MOM}Vol.6