{You are the best MOM}Vol.6

ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုကို ချီးမွမ်းစကားမပြောပဲ အသိအမှတ်ပြုပေးပါ

ကျွန်မတို့ လူကြီးတွေကလေးတွေကို ချီးမွမ်းတဲ့အခါ ဉာဏ်ကောင်းလိုက်တာဆိုတဲ့စကားတစ်ခွန်းပြောဖူးကြမှာပါ။ ကလေးတွေမိမိကိုယ်ကိုယ်ကို ယုံကြည်မှုရှိစေရန် သူတို့လေးတွေ တစ်ခုခုကိုကြိုးစားအားထုတ်တဲ့အခါမှာ မိဘတွေအနေနဲ့ချီးမွမ်းစကားပြောတတ်ကြပါတယ်။ တကယ်တော့ ဒီလိုချီးမွမ်းခြင်းဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိစေတဲ့ကလေးတစ်ယောက်ဖြစ်စေဖို့အတွက် နည်းလမ်းမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုရင် ကလေးငယ်တွေဟာ တစ်ခုခုကိုရလာဒ်ကောင်းရရှိဖို့အတွက် သူတို့ကိုယ်တိုင်ကြိုးစားအားထုတ်ရတာပါ။ ကျွန်မတို့မိဘတွေက သူတို့ရဲ့ ကြိုးစားအားထုတ်ခဲ့တာကို အသိအမှတ်ပြုပေးဖို့ကအရေးကြီးဆုံးဖြစ်ပါတယ်။ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှုကို ချီးမွမ်းခြင်းထက် အသိအမှတ်ပြုပေးခြင်းက သူတို့လေးတွေရဲ့ပိုမိုကြိုးစားချင်စိတ်ကိုဖြစ်စေပါတယ်။

ဘာကြောင့် ချီးမွမ်းခြင်းထက် အသိအမှတ်ပြုခြင်းက က​လေးတွေမိမိကိုယ်ကိုယုံကြည်မှုရှိစေတာလဲ။ ကလေးတစ်ယောက် စာကြိုးစားလို့ “ဥာဏ်ကောင်းလိုက်တာ” “ တော်လိုက်တာ” ဆိုတဲ့စကားကတခြားသူတွေဆီကလည်းကြားရမယ့်ချီးမွမ်းစကားဖြစ်ပါတယ်။ ကျွန်မတို့မိဘတွေတွေက သူတို့လေးတွေရဲ့ ကြိုးစားမှုကိုအသိအမှတ်ပြုပေးတဲ့အနေနဲ့ ဥပမာ- “သားကြိုးစားခဲ့တာပဲ” “သမီးကတော့လုပ်နိုင်ခဲ့တာပဲ” စတဲ့က​လေးတွေရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုပေးတဲ့စကားပြောပေးဖို့ပါ။ဒီလို ပြောပေးခြင်းအားဖြင့် ကလေးတွေရဲ့စိတ်မှာ ငါ့မိဘကတော့ငါကြိုးစားနေတာကိုအမြဲဂရုစိုက်ကြည့်ပေးနေတာပဲ၊ အသိအမှတ်ပြုပေးနေတယ်ဆိုတာနားလည်ပြီး မိမိကိုယ်ကိုယုံကြည်မှုဖြစ်စေပါတယ်။

ကလေးတွေရဲ့ နေ့စဥ်ဘဝမှာအသစ်သစ်သောစိန်ခေါ်မှုတွေနဲ့ပြည့်နေပါတယ်။ ဒီစိန်ခေါ်မှုတွေအပေါ် ကြိုးစားအားထုတ်နေတဲ့ ကလေးငယ်တွေကို ကျွန်မတို့မိဘတွေကအမြဲဂရုစိုက်ပြီး အသိအမှတ်ပြုပေးနေဖို့ပဲလိုအပ်ပါတယ်။ သူတို့လေးတွေရဲ့ ဖွံဖြိုးမှုကိုလည်း စကားနဲ့အသိအမှတ်ပြုပေးပါ။ သားကတော့ ကိုယ့်ဘာသာကိုယ်အဝတ်လဲတတ်နေပြီ သမီးကတော့ကစားပြီးအရုပ်တွေသိမ်းနိုင်နေပြီပဲ စသည်ဖြင့်ပြောပြပေးခြင်းဖြင်း ယုံကြည်မှုကိုရစေပါတယ်။ ကလေးတွေက သူတို့ကြိုးစားနေတာကို မိဘတွေကကြည့်ပြီး ကျေနပ်ပျော်ရွှင်နေရတယ်ဆိုတဲ့ စိတ်နဲ့ပိုပြီးကြိုးစားအားထုတ်ဖို့ခွန်အားတွေဖြစ်စေပါတယ်နော်..


Previous
Previous

မိန်းမကိုယ်ယားယံခြင်း(မှိုစွဲခြင်း)

Next
Next

အသားအရည်အတွက် အကောင်းဆုံးအိပ်စက်ချိန်