တင်းတိပ်ဘာကြောင့်ထွက်တာလဲ ? တင်းတိပ်မထွက်အောင် ဘယ်လိုကာကွယ်ကြမလဲ

ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးပြီးကာစမှာတင်းတိပ်ထွက်ဖူးတဲ့မေမေတွေရှိကြမယ်ထင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးပြီးကာလမှာ တင်းတိပ်ဘာကြောင့်ထွက်တာလဲ ? တင်းတိပ်မထွက်အောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာကိုဝေမျှပေးသွားပါမယ်။

တင်းတိပ်ထွက်ရခြင်းအကြောင်းအရင်းများ

-ခရမ်းလွန်ရောင်ခြည်

ခရမ်းလွန်ရောင်ခြည်နဲ့များစွာထိတွေတဲ့အသားအရည်ဟာ Melanin ကိုအများအပြားထုတ်လွှတ်တဲ့အတွက် တင်းတိပ်တွေကိုဖြစ်ပေါ်စေပါတယ်။

-ကိုယ်ဝန်ဆောင်ခြင်း

ကိုယ်ဝန်ဆောင်ချိန် ဟော်မှုန်းမညီမျှမှုကြောင်းတင်းတိပ်ဖြစ်ပေါ်လေ့ရှိပါတယ်။ များသောအားဖြင့် ကုသစရာမလိုပဲ ကလေးမွေးပြီးလအနည်းမှာ အလိုအလျောက်ပျောက်ကင်းတတ်ပါတယ်။

- မှန်ကန်မှုမရှိသောနေ့စဥ်နေထိုင်မှုပုံစံ

အိပ်စက်ချိန်မလုံလောက်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ဆေးလိပ်အရက်စတဲ့ မှန်ကန်မှုမရှိတဲ့ နေ့စဥ်နေထိုင်မှုပုံစံအလေ့အကျင့်တွေကြောင့်လည်း တင်းတိပ်ဖြစ်ပေါ်စေပါတယ်။

- စိတ်ဖိဆီးမှုများခြင်း

အလုပ်၊ အိမ်မှုကိစ္စ၊ ကလေးထိန်းကျောင်းမှု၊ လူမှုပတ်ဝန်းကျင်စတဲ့ ပြဿနာမျိုးတွေကြောင့်စိတ်ဖိဆီးမှုတွေဖြစ်ပေါ်တတ်ပါတယ်။ စိတ်ဖိဆီးများတဲ့အချိန်မှာ melanin ကိုပိုမိုထုတ်လွှတ်ဖို့လှုံဆော်ပေးတဲ့အတွက် တင်းတိပ်ဖြစ်ပေါ်စေပါတယ်။

- မှားရွင်းသောအသားအရည်ထိန်းသိမ်းမှု

မျက်နှာသစ်တဲ့အခါမှာ ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်မိခြင်း၊ cotton အသုံးပြုတဲ့အခါမှာ အသားအရည်ကိုပွတ်တိုက်မိခြင်း စတာတွေကြောင့်လည်းတင်းတိပ်ကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ကလေးမွေးဖွားပြီးနောက်ပိုင်း တင်းတိပ်ထွက်ရခြင်းအကြောင်းအရင်း

ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးခြင်းမှာ အမျိုးသမီးတွေခန္ဓာကိုယ်အတွက်ကြီးမားသောအပြောင်းအလဲကြီးတစ်ခုဖြစ်ပါတယ်။ ထိုအပြောင်းအလဲတွေကြောင့် ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးမွေးဖွားပြီးချိန်မှာ တင်းတိပ်တွေများစွာဖြစ်ပေါ်စေပါတယ်။ အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ Estrogene နှင့် Progesterone ဟော်မုန်း ၂မျိုးဟာ ကိုယ်ဝန်ဆောင်ချိန်မှာ များစွာထုတ်လွှတ်ပေးတာကြောင့် တင်းတိပ်ထွက်ခြင်းဖြစ်ပါတယ်။ ဒီဟော်မုန်းအပြောင်းအလဲတွေကညကလေးမွေး ပြီးချက်ခြင်းပုံမှန်အခြေအနေကို ပြန်မရောက်နိုင်တဲ့အတွက် ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးပြီးကာစမှာတင်းတိပ်ထွက်တွေဖြစ်ပေါ်စေတာဖြစ်ပါတယ်။ အလုပ်များတဲ့မေမေတို့အတွက် တင်းတိပ်ကိုဘယ်လိုကာကွယ်ကြမလဲဆိုတာပြောပြပေးပါမယ်။

1. Suncream ကို ဂရုတစိုက်လိမ်းပေးပါ။

များသောအားဖြင့် အပြင်သွားတဲ့အခါမှသာ suncream ကိုလိမ်းတတ်ကြပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ အိမ်ခန်းထဲအထိဝင်ရောက်နိုင်လို့ အပြင်မသွားဖြစ်တဲ့အခါမှာလည်း suncream ကိုလိမ်းပေးပါ။

2. နေ့စဥ်မျက်နှာကိုသေချာသန့်စင်ပေးပါ။

တင်းတိပ်ကာကွယ်ရန်အတွက် နေ့စဥ်မျက်နှာကိုသေချာစွာသန့်စင်ရန်မှာလည်းအလွန်အရေးကြီးပါတယ်နော်။ မျက်နှာကိုသန့်စင်တဲ့အခါမှာလည်း မျက်နှာသစ်​ဆေးကိုမျက်နှာပေါ်တိုက်ရိုက်တင်ပြီး သစ်ခြင်းကိုရှောင်ကျဥ်ပါ။ မျက်နှာသစ်ဆေးကို မျက်နှာအသားအရည်ပေါ်တင်ပြီးသစ်ခြင်းဟာ အသားအရည်ခြောက်သွေ့ခြင်းကိုဖြစ်စေပါတယ်။ မျက်နှာသစ်ကိုလက်ထဲ(သို့) အမြုပ်ထအောင်ပြုလုပ်တဲ့အဝတ်စ စတာတွေနဲ့ အမြုပ်ကလေးတွေပြုလုပ်ပြီး မျက်နှာကို ညင်ညင်သာသာဆေးပေးပါ။

3. တင်းတိပ်၊ အသားအရည်ပြဿနာတွေအတွက် အ​ရေးကြီးဆုံးကဓာတ်ပြည့်ဝနေဖို့ပါ။

တင်းတိပ်ထွက်လာပြီးဆိုရင် လူအများစုဟာ တင်းတိပ်ပျောက်ဖို့အတွက် ထုတ်ထားတဲ့ skin care တွေကိုပဲအဓိကထားသုံတတ်ကြပါတယ်။ အရေးကြီးဆုံးက moisturizing ကနေစပြီးဂရုတစိုက် ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ အသားအရည်မှာ moisture ပြည့်ဝနေမှ တင်းတိပ်အတွက် skin careတွေကိုအသုံးပြုတဲ့အခါမှာ ပိုမိုထိရောက်မှုရှိစေမှာဖြစ်ပါတယ်နော်။

4. ကောင်းမွန်တဲ့အိပ်စက်ခြင်း

အသားအရည်အတွက် အတွက်အိပ်စက်ခြင်းဟာညအရေးကြီးတဲ့အခန်းဂဏ္ဍမှာပါဝင်နေတယ်ဆိုတာ အားလုံးပဲသိကြမှာပါနော်။ ကျွန်မအရှေ့မှာရေးထားခဲ့တဲ့ ဆောင်းပါးလေးမှာလည်း အသားအရည်အတွက် အကောင်းမွန်ဆုံးအိပ်စက်ချိန်နဲ့ ဘာကြောင့်အိပ်စက်ခြင်းဟာ အသားအရည်အတွက်အကျိုးရှိစေနိုင်လဲဆိုတာဝေမျှပေးထားဖူးပါတယ်။

5. ဗီတာမင်နှင့် ပရိုတင်းပြည့်ဝသောအစားအစာများကိုစားပါ။

အသားအရည်အတွက် အစားအသောက်ဟာလည်းအလွန်အရေးကြီးပါတယ်။ တင်းတိပ်ကိုဖြစ်ပေါ်စေတဲ့ Melanin ထုတ်လုပ်မှုကိုကာကွယ်ပေးစေနိုင်မယ့် ဗီတာမင်စီပါဝင်တဲ့ အစိမ်းရောင်၊ အဝါရောင် ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကိုနေ့စဥ်စားပေးပါ။ ဒါ့အပြင် ဗီတာမင်အီး၊ သံဓာတ်ပါတဲ့အသီးအရွက်နှင့် ပရိုတင်းပြည့်ဝတဲ့အသားတွေကိုလည်းစားပေးပါ။

6. အသားအရည်အတွက် Collagen သောက်ခြင်း

အသားအရည်ထိန်းသိမ်းဖို့၊ အစားအသောက်ဂရုစိုက်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက် တင်းတိပ်သက်သာဖို့အတွက် Collagen သောက်ခြင်းကအသင့်တော်ဆုံးပါ။ Collagen ကိုသောက်ပေးခြင်းဖြင့် အိုမင်းရင့်ရော်မှုကိုလျော့ချပေးခြင်း၊ တင်းတိပ် အမဲစက်တွေကိုသက်သာခြင်း၊ အသားအရေတင်းရင်းခြင်းစတဲ့ ကောင်းကျိုးတွေအများကြီးရရှိနိုင်ပါတယ်။ စျေးကွက်ထဲမှာ အမျိုးမျိုးသော Collagen တွေရှိတာကြောင့်မိမိနှင့်ကိုက်ညီတဲ့ Collagen ကိုသောက်သုံးကြပါလို့ အကြံပြုချင်ပါတယ်။

ကဲမေမေတို့ရေ ဒီဆောင်းပါးလေးမှာတော့ တင်းတိပ်ကိုသက်သာစေမယ့် အချက်ကလေးတွေကိုဝေမျှပေးထားလို့ တင်းတိပ်အတွက်စိတ်ညစ်နေတဲ့ အမျိုးသမီးလေးတွေ အတွက်အထောက် အကူဖြစ်စေဖို့ရည်ရွယ်ပါတယ်။


Previous
Previous

မွေးကင်းစကလေးငယ်တွေ အဆက်မပြတ်ငိုနေရတာ ဘာကြောင့်လဲ?

Next
Next

မိန်းမကိုယ်ယားယံခြင်း(မှိုစွဲခြင်း)