စည်းကမ်းတင်းကြပ်ခြင်းဟာ ကလေးတွေအပေါ်ဘယ်လိုသက်ရောက်မူတွေရှိစေမလဲ

စည်းကမ်းတင်းကြပ်ခြင်းဟာ ကလေးတွေအပေါ် ဘယ်လိုသက်ရောက်မူတွေရှိစေမလဲ?စည်းကမ်းတင်းကြပ်ခြင်းဟာ ကောင်းသလား ဆိုးသလား?

အနောက်နိုင်ငံများနှင့်အာရှနိုင်ငံများတွင် ကလေးများကိုသွန်သင်ဆုံးမမူသည်ကွာခြားကြလေသည် ။ အထူးအားဖြင့် သွန်သင်ဆုံးမသည့်နည်းသည်မတူညီကြပေ။ ထိုသို့မတူညီမူကပင် ကလေးငယ်များအပေါ်များစွာသက်ရောက်မူရှိသည်။စည်းကမ်းရှိခြင်းသည်ကောင်းမွန်၏။ သို့သော် စည်းကမ်းရှိဖို့ရန် လွန်ကဲစွာ ဆုံးမသွန်သင်လာသောအခါတွင် မည်သို့ဖြစ်လာမည်နည်း။

အချို့သောမိဘများသည်အမှားလုပ်မိပါကကလေးငယ်များကို ရိုက်နှက်ဆုံးမကာ နားဝင်အောင်ပြောတတ်ကြသည်။ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ထိခိုက်စေနိုင်သောစကားများကိုပြောဆိုကာ သူတို့သည် မှန်ကန်သောအရာကိုလုပ်ရန် တွန်းအားပေး၊ဖိအားပေးခြင်းကိုခံရသည်။ ကလေးသည် စည်းကမ်းရှိလာပါသည်။ သို့ပါသော်ငြား စိတ်ပိုင်းဆိုင်ရာထိခိုက်သွားသလို လူမူရေး နှင့် အလုပ်ခွင်ထဲဝင်ရာတွင်လည်း အခြေအနေနှင့်လိုက်သော ပြောင်းလဲမူများ ဖြစ်ပေါ်လာတတ်သည်။

ကောင်းကျိုးရှိသလို ဆိုးကျိုးလည်းရှိလေ၏။ကလေးသည် စည်းကမ်းကို လိုက်နာကာ လူတော်လူကောင်းဖြစ်လာသည်။ ဥပမာအားဖြင့် အမှိုက်ကိုနေရာတကျပစ်ခြင်း ၊ လူကြီးမိဘများကို ဦးစားပေးခြင်း ၊ စည်းစနစ်ကျခြင်း အစရှိသည်တို့ပင်။ သို့သော်ငြားစည်းကမ်းလိုက်နာရမယ်ဆိုတဲ့ဘောင်အတွင်း အသွင်းလွန်တဲ့အခါစက်ရုပ်တစ်ရုပ်လိုဖြစ်ပြီးအထက်လူကြီးခိုင်းသမျှအား တစ်သွေမတိမ်းလုပ်တတ်သလို ကိုယ်ပိုင်တီထွင်ဖန်တီးနိုင်စွမ်းသည်လည်း အားနည်းစေပါသည်။

အပေါ်ကပြောထားသည့်အချက်များမှာ မိဘများမှပုံသွင်းတာအောင်မြင်သွားသည့် ကလေးများ၏ ပုံသဏ္ဍာန်ဖြစ်ပြီး ယခုပြောပြမည့်အရာကတော့ မအောင်မြင်သောကလေးများအကြောင်း ဖြစ်သည်။

ထိုကလေးငယ်များသည် သင်ကြားပေးသောစည်းကမ်းများနှင့်ဆန့်ကျင်ဘက်ကို ပြုလုပ်လာတတ်ကြသည်။ လူကြီးမိဘများအား ပြန်၍အော်ခြင်း၊ ရိုင်းစိုင်းခြင်း ၊ ရိုသေမူမရှိခြင်း အစရှိသည့်အသေးအမွှားလုပ်ဆောင်ရမည့် စည်းကမ်းကိုတောင် လက်ခံနိုင်မူမရှိတော့ခြင်း ဖြစ်ပေါ်စေတတ်သည်။

အိုးကောင်းလိုချင် နာနာရိုက်ဟုသော စကားမှာ မြန်မာမိဘများ၏ လက်သုံးစကားဖြစ်သည်။ အိုးဖြစ်နှင့်ပြီးသား အိုးကောင်းကို
အရိုက်လွန်လျှင်ကွဲတတ်ကြောင်းကို မေ့နေတတ်ကြ၏။

အနောက်နိုင်ငံရှိမိဘများ ကလေးများကို သင်ကြားရာတွင်ကျင့်သုံးသည့် စနစ်မှာတံခါးဖွင့်မူဝါဒ ဟုဆိုနိုင်သည့် သေချာဆွေးနွေးပြောပြကာ ကလေးငယ်၏ စိတ်ဒဏ်ရာရမူ ၊ ကိုယ်ခန္တာထိခိုက်မူ အနည်းဆုံးဖြစ်အောင် ကျင့်သုံးသည့် စနစ်ဖြစ်သည်။ အနောက်နိုင်ငံရှိမိဘများအားလုံး ထိုစနစ်ကိုမကျင့်သုံးကြပါသော်လည်း ကျင့်သုံးသည့်မိဘများလည်းရှိ၏။ ထိုစနစ်တွင်လည်းကောင်းကျိုးရှိသလို ဆိုးကျိုးရှိပါသေးသည်။

ကလေးငယ်၏စိတ်နှင့်ခန္တာသည် အိုးတစ်လုံးမဟုတ် ။ ပုံသွင်းရာတွင်သဏ္ဍာန်မမြင်ရ။ထို့ကြောင့်ဂရုစိုက်သင့်သည်။အနောက်နိုင်ငံမိဘများ၏စနစ်နှင့် အာရှနိုင်ငံမိဘများ၏ စနစ်ကို အစွန်းမရောက်စေရန် တလှည့်ဆီကျင့်သုံးသင့်လေသည်။ ထူးချွန်ထက်မြက်ကာ ကျန်းမာသော ကလေးသူငယ်များပျိုးထောင်နိုင်ကြပါစေ။

Previous
Previous

From Japanese Mom # 4

Next
Next

ကလေးတွေစိတ်ဒဏ်ရာမရစေဖို့ မိဘတိုင်းသိထားသင့်တဲ့အချက်