From Japanese Mom # 4

သင်တို့နိုင်ငံမှာ အိမ်မှုကိစ္စဟာ ယောကျ်ားရဲ့တာဝန်လား? မိန်းမရဲ့တာဝန်လား? ဒါမှမဟုတ် အတူတူမျခွဲဝေပြီးလုပ်ကြသလား? ဟိုးအရင်က ဂျပန်မှာတော့ ယောကျ်ားကငွေရှာပြီး၊ မိန်းမက အိမ်မှုကိစ္စလုပ်ရတာဟာ သဘာဝပါပဲ။ သို့သော် ယနေ့ခေတ်မှာတော့ ယောကျ်ား၊ မိန်းမ နှစ်ဦးစလုံး အလုပ်လုပ်လာကြပြီး၊ အိမ်မှုကိစ္စတွေကို အိမ်ထောင်ဦးနဲ့အတူ ခွဲဝေပြီး ဘယ်လိုလုပ်ကြမလဲဆိုတာ အိမ်ရှင်မတွေအချင်းချင်း ပြောဆိုတိုင်ပင်တတ်ကြပါတယ်။ဒီဆောင်းပါးလေးမှာတော့ အိမ်ထောင်ဦးစီးနဲ့အတူ အိမ်မှုကိစ္စတွေကို အတူတူခွဲဝေပြီး လုပ်ဖို့အကြံဉာဏ်ကောင်းတွေကို ပြောပြပေးသွားပါမယ်။

၁။ အိမ်မှုကိစ္စတာဝန်တွေကို သိရှိနားလည်ရန်

အိမ်မှုကိစ္စတွေကို ခွဲဝေရာမှာ ပထမဆုံးအရေးကြီးတာက အိမ်မှုကိစ္စ ဘယ်လိုတာဝန်တွေရှိတယ်ဆိုတာကို နားလည်ထားဖို့လိုပါတယ်။ ဒါတွေကိုနားမလည်ထားရင် ကောင်းမွန်စွာလုပ်နိုင်မှာမဟုတ်ပါဘူး။

၂။ မိမိကျွမ်းကျင်ရာကို တာဝန်ယူရန်

အိမ်မှုကိစ္စမှာ ကျွမ်းကျင်တဲ့အရာကို တာဝန်ခွဲယူပြီး လုပ်ရင်ပိုပြီး အဆင်ပြေနိုင်ပါတယ်။ ဥပမာ- ကလေးတွေနဲ့ တူတူဆော့ပေးရတာ ဖခင်ဖြစ်သူကျွမ်းကျင်ရင် ဖခင်ရဲ့တာဝန်၊ အိမ်သန့်ရှင်းရေးမှာ မေမေကကျွမ်းကျင်ရင် မေမေ့တာဝန် စသဖြင့် ခင်ပွန်းဖြစ်သူနှင့် တိုင်ပင်ပြောဆိုပြီး တာဝန်ခွဲဝေပေးပါ။

၃။ အကြောင်းအမျိုးမျိုးကြောင့် တာဝန်ပျက်ကွက်ခဲ့ရင်လည်း အိမ်​ထောင်ဖက်အပေါ် နားလည်ပေးပါ

နှစ်ယောက်စလုံးအလုပ်လုပ်ကြတဲ့အခါမှာ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်တာဝန်ယူထားတဲ့ အိမ်မှုကိစ္စတွေကို အိမ်ထောင်ဖက်ကို တောင်းဆိုရတဲ့အခါမျိုးတွေလည်းရှိနိုင်ပါတယ်။ အဲ့လိုအခါမျိုးတွေမှာ " အလုပ်ရှုပ်များနေလို့မလုပ်နိုင်တာပဲ " ဆိုတဲ့စိတ်မျိုးမဟုတ်ပဲ ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို ကျေးဇူးတင်တဲ့စိတ်နဲ့ တောင်းဆိုတတ်ဖို့အရေးကြီးပါတယ်။ တဖက်က အလုပ်များလို့ တာဝန်ယူထားတဲ့ အိမ်မှုကိစ္စတွေကို မလုပ်နိုင်တဲ့အခါမျိုးမှာလည်း နားလည်ပြီး ကူညီပေးပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးခြင်းဟာလည်း လက်တွဲဖော်တွေအတွက်အရေးကြီးဆုံးပါ။

အိမ်မှုကိစ္စတွေကို ခွဲဝေခြင်းက အိမ်ထောင်ဖက်အချင်းချင်း စကားများဖို့အစပျိုးပေးခြင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ဦးစီးတွေအနေနဲ့ အိမ်မှုကိစ္စတွေခွဲဝေယူပေခြင်းဟာ တာဝန်ပိုတစ်ခုလို့မတွေးပဲ အိမ်ရှင်မတွေအပေါ် စာနာနားလည်ပေးခြင်းဖြင့် နွေးထွေးကောင်းမွန်တဲ့ မိသားစုဆက်ဆံရေးရရှိနိုင်ဖို့အတွက် နည်းလမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။

Previous
Previous

အိမ်ထောင်သာယာရေးအတွက် အလေးထားသင့်သော အချက် (၃) ချက်

Next
Next

စည်းကမ်းတင်းကြပ်ခြင်းဟာ ကလေးတွေအပေါ်ဘယ်လိုသက်ရောက်မူတွေရှိစေမလဲ