ကလေးတွေဝမ်းချုပ်ခြင်းကို ကာကွယ်ဖို့အတွက်

ဝမ်းချုပ်ခြင်းဟာ လူကြီးတွေသာမက ကလေးငယ်တွေမှာပါ ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ ကလေးငယ်တွေဝမ်းချုပ်ရတဲ့အကြောင်းအရင်းတွေကတော့ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ ရေသောက်နည်းခြင်း၊ အမျှင်ဓာတ်ပါသော အစားအစာ၊ အသီးအရွက် စားသုံးမှုနည်းပါးခြင်း စတာတွေကြောင့်ဖြစ်ပါတယ်။ ကလေးတွေဝမ်းချုပ်ခြင်းကို ကာကွယ်ဖို့အတွက် မေမေတို့ကဘယ်လိုအရာတွေကိုဂရုစိုက်ပေးကြရမလဲ။

၁။ နေ့စဥ်မှန်ကန်တဲ့လူနေမှုဘဝ လေ့ကျင့်ပေးပါ

ကလေးတွေကို နေ့စဥ် အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်ကို သတ်မှတ်ထားပေးပြီး၊ လုံလောက်တဲ့အိပ်စက်ချက်ရရှိဖို့လိုအပ်ပါတယ်။ မနက်၊ နေ့လည်၊ ညစာကို အချိန်မှန်စားပြီး၊ မနက်စာကိုတော့မပျက်မကွက်စားပေးပါ။ ဝမ်းမှန်ဖို့အတွက် နေ့စဥ်မှန်ကန်တဲ့ စားသောက်နေထိုင်မှုပုံစံကလည်း အရေးကြီးပါတယ်။

၂။ အာဟာရ ပြည့်ဝတဲ့အစားအစာများကျွေးပေးပါ

ဝမ်းချုပ်ခြင်းကိုကာကွယ်ဖို့အတွက် အမျှင်ဓာတ်ပါဝင်နဲ့ ရေဓာတ်များစွာပါဝင်တဲ့ အစားအစာနဲ့ အသီးအရွက်စတာတွေကို ကျွေးပေးပါ။

၃။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပေးပါ

ကလေးနဲ့အတူ လမ်းလျှောက်ခြင်း၊ ပန်းခြံမှာကစားခြင်း စတဲ့ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခိုင်းပါ။ အပြင်ကိုထွက်ဖို့အဆင်မပြေတဲ့အခါ အရုပ်တွေသိမ်းခိုင်းခြင်း၊ အိမ်မှာပြုလုပ်လို့ရမယ့် ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ခြင်းဖြင့် ကောင်းမွန်စွာအိပ်စက်နိုင်ဖို့အတွက်လည်းအထောက်အကူဖြစ်စေပါတယ်။

ဝမ်းချုပ်ခြင်းကိုကာကွယ်ဖို့နည်းလမ်းများ

၁။ အစာခြေဖျက်စနစ်ကိုကောင်းမွန်စေတဲ့ အမျှင်ဓာတ်ပါဝင်တဲ့အစားအစာများကို စားပေးပါ

ဝမ်းချုပ်ခြင်းကိုကာကွယ်ဖို့အတွက် အမျှင်ဓာတ်ပါဝင်နဲ့ ရေဓာတ်များစွာပါဝင်တဲ့ အစားအစာနဲ့ အသီးအရွက်စတာတွေကို ကျွေးပေးပါ။

၂။ အိပ်ရာနိုးချင်း ရေသောက်ပေးပါ

မနက်အိပ်ရာကထပြီး မနက်စာမစားခင်မှာ ရေသောက်ပေးခြင်းဟာ အစာအိမ်နှင့် အူလမ်းကြောင်းရဲ့ လှုပ်ရှားမှုကိုကောင်းမွန်စေပါတယ်။

၃။ မနက်စာစားပြီး ဒိန်ချဉ်ကျွေးပေးပါ

မနက်စာတစ်ခုခုစားပြီးနောက် ဒိန်ချဥ်ကျွေးပေးခြင်းဟာလည်း ကလေးတွေဝမ်းချုပ်ခြင်းကို ကာကွယ်နိုင်ပါတယ်။

၄။ မနက်စာစားပြီး အိမ်သာသွားတဲ့အလေ့အကျင့်ပြုလုပ်ပေးပါ

မနက်စာစာပြီး နာရီဝက်လောက်မှာ ၁မိနစ် ၂မိနစ်ခန့် အိမ်သာထိုင်ခိုင်းတဲ့အကျင့်ကလေးလုပ်ပေးပါ။

ဝမ်းချုပ်တဲ့ကလေးငယ်တွေကိုကျွေးပေးသင့်သောအစားအစာများ

၁။ သံလွင်ဆီ

သံလွင်ဆီဟာ ဝမ်းချုပ်ခြင်းကိုသက်သာစေလို့ လူကြီးတစ်ခါသောက်လျှင် 15ml. 30ml ၊ ကလေး လက်ဖက်ရည်တစ်ဇွန်း သောက်လို့ရပါတယ်။ သံလွင်ဆီမှာပါဝင်တဲ့ Oleoc acid ကဝမ်းကိုပျော့စေပါတယ်။

၂။ ဟင်းသီးဟင်းရွက်

ရုံးပတေသီး၊ ဂေါ်ဖီ၊ မုန်လာဥဖြူ၊ မုန်လာဥနီ၊ ထောပတ်သီး ၊ ဟင်းနုနွယ်၊ ပန်းပွင့်စိမ်း၊ ကြက်သွန်နီ စတာတွေက ဝမ်းချုပ်ခြင်းကိုသက်သာစေပါတယ်။

၃။ အသီးအနှံ

ကီဝီ၊ လိမ္မော်သီး၊ ငှက်ပျောသီး စတဲ့ဝမ်းကိုပျော့စေတဲ့အသီးအနှံ တွေကျွေးပေးပါ။

၄။ ဒိန်ချဥ်

ဒိန်ချဥ်မှာပါဝင်တဲ့ probiotic ဟာ အစာအိမ်နှင့်အူလမ်းကြောင်းကိုထောက်ပံ့ပေးလို့ ဝမ်းချုပ်တဲ့ကလေးတွေကို ဒိန်ချဥ်၊ yakult တိုက်ပေးပါ။

ကလေးတွေရဲ့ ဝမ်းချုပ်ခြင်းကို ဆေးဝါးတွေအားမကိုးပဲ အစားအအသောက်တွေနှင့် ကုသပေးခြင်းဟာအကောင်းမွန်ဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။


Previous
Previous

နွေရာသီကာလဘေဘီလေးတို့မိတ်မပေါက်စေဖို့

Next
Next

FROM JAPANESE MOM #2