FROM JAPANESE MOM #2

မေမေတို့ရဲ့ တစ်နေ့တာမှာ နေ့စဥ် ဘာချက်ရမလဲ စဥ်းစားရတာလည်း ခက်ခဲတဲ့အလုပ်တစ်ခုပါ။ ဂျပန်မှာတော့ အလုပ်ကအပြန်ရထားပေါ်မှာ "ဒီနေ့ညနေစာဘာချက်ရမလဲ "လို့ အမြဲစဥ်းစားတွေးတောနေတဲ့ working mom တွေများပါတယ်။ မိခင်တိုင်းဟာ မိသားစုအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေကို ချက်ပြုတ်ကျွေးမွေးနိုင်ဖို့ အမြဲတွေးတောစဥ်းစားနေကြတဲ့ရတာလည်း မလွယ်ကူပါဘူးနော်။ ဂျပန်ကအိမ်ရှင်မတွေအတွက် ဒီလိုအခက်အခဲတွေကို ဖြေရှင်းဖိုနည်းလမ်းစတာတွေ ကိုဝေမျှပေးထားပါတယ်။ ဒီနည်းလမ်းတွေထဲကမှ ကျွန်မနဲ့လက်တွေ့အသုံးပြုနေတဲ့ နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။

1. weekend မှာ မိသားစုကို ဘာစားချင်သလဲမေးပါ

စနေ၊တနဂ်နွေ ပိတ်ရက် မိသားစုအားလုံး စုံစုံလင်လင်ရှိတဲ့အချိန်မှာ နောက်တစ်ပတ်မှာဘာဟင်းစားချင်လဲ လို့ ကလေးတွေနဲ့ ခင်ပွန်းကိုမေးမြန်းပါ။ ကိုယ်တစ်ယောက်ထဲ စဥ်းစားရင်အမြဲတမ်း ချက်နေကျဟင်းတွေပဲဖြစ်နေနိုင်ပြီး၊ မိသားစုကိုမေးခြင်းဖြင့် အမျိုးမျိုးသော အကြံပြုချက်တွေရရှိနိုင်ပါတယ်။

2.ကျန်းမာရေးတဲ့ညီညွတ်ပြီး အာဟာရပြည့်ဝတဲ့အရံဟင်း

မိသားစုရဲ့ အကြံပြုချက်အရ အဓိကဟင်းခယလျာကိုရွေးချယ်ပြီး၊ နောက်တစ်မျိုးကတော့ အရံဟင်းတစ်ခွက်ဖြစ်ပါတယ်။ အရံဟင်းကို အဓိကအားဖြင့် အသီးအရွက်၊ ပဲ စတဲ့ အာဟာရကိုဖြည့်စွက်ပေးမယ့် အရာတွေကိုရွေးချယ်ပေးပါ။ အလုပ်ပိတ်ရက်တွေမှာ အရံဟင်းလျာအတွက်ကြိုတင်စဥ်းစားပြင်ဆင်ထားမယ်ဆိုရင် ကြားရက်တွေမှာဆင်​ပေနိုင်ပါလိမ့်မယ်။

3. စျေးမဝယ်ခင်မှာ ရေခဲသေတ္တာကိုစစ်ပြီး၊ လိုအပ်တဲ့ပစ္စည်းကိုဝယ်ပါ

နောက်ဆုံးအချက်ကတော့ စျေးမသွားခင်မှာ ရေခဲသေတ္တာမှာရှိတဲ့ ပစ္စည်းတွေကိုစစ်ပြီးဝယ်ခြင်းအားဖြင့် မလိုအပ်ပဲအပိုဝယ်မိခြင်း၊ ဝယ်ဖို့မေ့ကျန်ခြင်း စတာတွေကိုကာကွယ်နိုင်ပါမယ်။

ကျွန်မ ကျင့်သုံးနေတဲ့နည်းလမ်း၃ခုကိုဝေမျှပေးထားပါတယ်။ အလုပ်၊ အိမ်မှုကိစ္စနှင့် ကလေးဝေယျာဝစ္စ နဲ့ နေ့စဥ်ကြိုးစားနေတဲ့မေမေတို့အတွက် အထောက်အကူဖြစ်ပါစေလို့ ရည်ရွယ်လျက်။

Previous
Previous

ကလေးတွေဝမ်းချုပ်ခြင်းကို ကာကွယ်ဖို့အတွက်

Next
Next

ကလေးတွေကိုမူကြိုမထားခင် မေမေတို့သင်ထားပေးသင့်တဲ့အချက်များ