Tempura Recipe(ဂျပန်တန်ပူရာလုပ်နည်း)

ဂျပန်အစားအစာထဲမှာ ဆူရှီလိုပဲ နိုင်ငံခြားသားတွေကြိုက်နှစ်သက်တဲ့နောက်အစားအသားတစ်မျိုးကတော့ တန်ပူရာ (Tempura) ပဲဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေဟာတန်ပူရာကို ပင်လယ်စာနှင့် အသီးအရွက်တွေကိုအသုံးပြုပြီးပြုလုပ်ကြပါတယ်။ ဒီနေ့မှာတော့ အိမ်မှာအလွယ်တကူလိုက်လုပ်စားကြည့်လို့ရမယ့် တန်ပူရာလုပ်နည်းလေးကိုဝေမျှပေးလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်း

  • ပုဇွန်

  • ခရမ်းသီး

  • ရွှေဖရုံသီး

  • ကန်စွန်းဥ

အကြော်အနှစ်အတွက်လိုအပ်သောပစ္စည်း

  • ကြက်ဥ. - ၁

  • ရေခဲရေ - 200ml

  • ဂျုံမှုန့် - 140g

၁။ ပုဇွန်ကိုသန့်စင်ပြီး မကွေးအောင် အတွင်းဘက် အကြောကိုဖြတ်ပြီးဆန့်ထားပါမယ်။

၂။ ခရမ်းသီး၊ ရွှေဖရုံသီးနှင့် ကန်စွန်းဥ တို့ကိုလည်း အထူ 5mm ခန့်လှီး၍ရေဆေးပြီးရေစစ်ထားပေးပါ။

၃။ အကြော်အနှစ်အတွက် ကြက်ဥနှင့်ရေခဲရေကိုခလောက်ပြီး ဂျုံမှုန့်ထည့်မွှေပါ။

၄။ ပုဇွန်နှင့် အသီးအရွက်တွေကို အကြော်အနှစ်ကပ်ပြီး ဆီပူမှာထည့်ကြော်ပါမယ်။ ကြော်လို့ရလာတဲ့ တန်ပူရာကို ဆား၊ မိမိနှစ်သက်ရာဆော့စ်ဖြင့်သုံးဆောင်နိုင်ပါတယ်။

နောက်ထပ် တစ်မျိုးကတော့ ဟင်းသီးဟင်းရွက်မစားတဲ့ကလေးငယ်တွေပါ ကြိုက်မယ့်အသီးအရွက်စုံ တန်ပူရာလုပ်နည်းကိုလည်းဝေမျှပေးလိုက်ပါတယ်။

လိုအပ်တဲ့ပစ္စည်း

  • မုန်လာဥနီ

  • ကြက်သွန်နီ

  • ပြောင်းဖူး

  • ဂျုံနှင့်ကော်မှုန့် - 45g စီ

  • ဆား - အနည်းငယ်

  • ရေ - 50ml

၁။ မုန်လာဥနီ၊ ကြက်သွန်နီကို သင့်တော်တဲ့အချောင်းကလေးတွေလှီးပါမယ်။

၂။ လှီးထားတဲ့အရွက်တွေနဲ့ ပြောင်းဖူးစိတွေကိုရေဆေးပြီးရေစစ်ထားပေးပါ။

၃။ ဂျုံ၊ ကော်မှုန့် နှင့် ရေကို သမအောင်ရောမွှေပါမယ်။

၄။ အကြော်အနှစ်မှာ လှီးထားတဲ့ဟင်းသီးဟင်းရွက်တွေကိုထည့်မွှေပြီး ဆီပူထဲထည့်ကြော်ပါမယ်။ အကြော်ရောင်လေးသန်းလာပြီဆိုရင် အိုးထဲကနေဆယ်ပြီး ဆား၊ မိမိနှစ်သက်ရာဆော့စ်ဖြင့်သုံးဆောင်နိုင်ပါတယ်။




Previous
Previous

ကလေးတွေကို သန်ချပေးဖို့လိုလား?

Next
Next

ဘာသာစကားသင်ယူနေတဲ့ကလေးတွေအတွက်ထိရောက်စေမယ့်နည်းလမ်း(၅)ခု