ဘာသာစကားသင်ယူနေတဲ့ကလေးတွေအတွက်ထိရောက်စေမယ့်နည်းလမ်း(၅)ခု

ဘေဘီ​လေး​တွေကို ဘာသာစကားအသစ်သင်ကြမယ်

ဒီ​နေ့မှာ​တော့ ကိုယ့်က​လေး​တွေကို ငယ်စဥ်ကတည်းက မိခင်ဘာသာစကားအပြင် တခြားဘာသာစကား တစ်ခုခုသင်​ပေးချင်တဲ့ ​မေ​မေ​တွေတွက် ဘယ်လိုနည်းလမ်း​တွေသုံးပြီး ထိထိ​ရောက်​ရောက် သင်လို့ရမလဲဆိုတာ ​ ​​လေ့လာကြမယ်။ နည်းလမ်း​လေး​တွေက လွယ်ကူရိုးရှင်းတဲ့အပြင် က​လေး​တွေတွက် ဖိအားမဖြစ်​စေပဲ ဘာသာစကားအသစ်တစ်ခုကို တတ်​​​မြောက်နိုင်မှာ ဖြစ်တယ်။

1.က​လေးနဲ့ အတူတကွသင်ယူပါ ​

မေ​မေတို့က ကိုယ့်က​လေး​တွေကို အသစ်ဆန်းတစ်ခုခု သင်ယူ​စေချင်ရင် ​မေ​မေတို့က အချိန်​ပေးပြီး သူတို့​လေး​တွေနဲ့တူတူ ​လိုက်​လေ့လာ​ပေးပါ။ ဥပမာ- ကိုယ်ကိုယ်တိုင်ကလည်း ဘာသာစကားတစ်ခုကို အ​ခြေခံနည်းနည်း​လေး တတ်​မြောက်ထားမယ်ဆိုရင် ကိုယ့်က​လေးနဲ့တူတူ ထပ်​လေ့လာလို့ရတယ်။ ဒီလိုအတူတူ​လေ့လာခြင်းအားဖြင့် ​လေ့ကျင့်ဖို့လည်းလွယ်သလို ကိုယ့်က​လေးနဲ့ ကိုယ်ကြားမှာလည်း ပိုပြီးရင်းနှီးလာတာ​​တွေ့ရပါလိမ့်မယ်။

2. ဘာသာစကားနဲ့ ပတ်သတ်တဲ့ ဂိမ်း​တွေ​ဆော့​ပေးပါ။

က​လေး​တွေကို ဘာသာစကားသင်​ပေးဖို့ အထိ​ရောက်ဆုံး နည်းလမ်း​တွေထဲက တစ်ခုက သူတို့အကြိုက်ဆုံးဂိမ်း​တွေကို ဘာသာခြားစကား နဲ့ ကစားတာပါ။ က​​လေးနဲ့တူတူ ပုန်းတိုင်းကစား မယ်ဆိုရင် သူတို့သင်​နေတဲ့ ဘာသာစကားအတိုင်း အမှတ်စဥ် မှတ်ခိုင်းတာမျိုး ​တွေကဘာသာစကား​လေ့လာမှုမှာ အရမ်းထိ​ရောက်မှုရှိ​စေပါတယ်။ ​နောက်ပြီး က​လေး​တွေရဲ့ဘာသာစကားသင်ယူမှုကို ထိ​ရောက်​စေတဲ့ ဂိမ်း​တွေကိုလည်း Online မှာရှာပြီး အသုံးချလို့ရပါတယ်။

3. ကာတွန်းကား​တွေ ကိုမြန်မာစာတန်းမထိုးဘဲကြည့်ခိုင်းပါ။

ဒီနည်းလမ်း​လေးက လွယ်ကူရိုးရှင်းသ​လောက်အရမ်းထိ​ရောက်ပါတယ်။ က​လေး​တွေက ကာတွန်းကား​တွေ ကြည့်ရတာ ကြိုက်ပြီး သူတို့ကြိုက်တဲ့ ကာတွန်းကား​တွေကို စာတန်းထိုးမပါဘဲကြည့်ခိုင်းပါ။ ဒီလိုလုပ်​ပေးခြင်း အားဖြင့် က​လေး​တွေရဲ့နား​​ထောင်မှုစွမ်းရည်ကို ​ကောင်းမွန်လာ​စေပြီး ဘာသာစကားအသစ်ကို နားရည်ဝလာမှာဖြစ်တယ်။ က​လေးအရွယ်မှာ ဘာသာစကား တစ်ခုကိုသင်​​ပေးဖို့ က Grammar Rules ​တွေမဟုတ်ဘဲ ဘာသာစကားရဲ့ အသံ​နေအသံထား၊ အသံထွက်ပုံ​တွေကို ကာတွန်း​တွေ၊ က​လေးအစီစဥ်​တွေ ပြ​ပေးခြင်းဖြင့် သင်​ပေးနိုင်ပါတယ်။

4. သီချင်းဆိုပြပါ။

​မေ​မေ​တွေက က​လေး​တွေကို ညအိပ်ရာဝင်သီချင်း​တွေနဲ့ ​ချော့သိပ်လေ့ ရှိပါတယ်။ ဒီ​နေရာမှာ ကျွန်မတို့က က​လေး​တွေကို English စကားသင်​​ပေးချင်ရင် English သီချင်းနဲ့​ချော့သိပ်တာမျိုး၊ က​လေး​တွေကို English သီချင်း​တွေဆို ခိုင်းတာမျိုး​တွေ လုပ်​ပေးလို့ရပါတယ်။ သီချင်းနဲ့ သင်​ပေးခြင်းကလည်း ဘာသာစကား​လေ့လာဖို့ အရမ်းထိ​ရောက်တဲ့အပြင် ​ပျော်ရွှင်​စေတာမလို့ ဒီနည်းလမ်း​လေးကို လည်းစမ်းကြည့်ဖို့မ​မေ့ပါနဲ့​နော်။

5. စာဖတ်ခိုင်းပါ။

ကိုယ်သင်​ပေး​နေတဲ့ ဘာသာစကားတစ်ခုရဲ့ သက်ဆိုင်ရာ စာသား​လေး​တွေနဲ့ များများထိ​တွေ့ ခိုင်းပါ။ က​လေးရဲ့ အသက်အရွယ်နဲ့ လိုက်တဲ့ ရုပ်ပြစာအုပ်​တွေ၊ ကာတွန်းစာအုပ်​တွေ ဖတ်ခိုင်းပါ။ ကိုယ်ကိုယ်တိုင်ကလည်း သူတို့နဲ့တူတူ ဖတ်​ပေးတာမျိုးလုပ်​ပေးပါ။ ကိုယ်ကိုယ်တိုင်ကလည်း သူတို့ကို ပုံပြင်စာအုပ်​လေး​တွေ ဖတ်ပြပြီး သူတို့နဲ့တူတူ​လေ့ကျင့်​ပေးပါ။

ရေးသားသူ- Se Myar

Previous
Previous

Tempura Recipe(ဂျပန်တန်ပူရာလုပ်နည်း)

Next
Next

{You are the best MOM}Vol.9