အသားအရည်အတွက် အကောင်းဆုံးအိပ်စက်ချိန်

အသားအရည်အတွက် အကောင်းဆုံးအိပ်စက်ချိန်

မိခင်တစ်ယောက်ဖြစ်လာပြီဆိုရင် အလုပ်၊ အိမ်မှုကိစ္စ၊ ကလေးဝေယျာဝစ္စ စတာတွေနဲ့ အိပ်စက်ချိန်မလုံလောက်တာမျိုးတွေရှိတတ်ကြပါတယ်။ ညဘက်အိပ်မပျော်ခြင်း၊ အိပ်စက်ချိန်မလုံလောက်ခြင်းတွေဟာ ပင်ပန်းနွမ်းနယ်တဲ့မျက်နှာကိုဖြစ်ပေါ်စေပါတယ်။

ဒီဆောင်းပါးမှာတော့ ကျန်းမာရေးနဲ့ အလှအပအတွက် အကောင်းဆုံးအိပ်စက်ချိန်ကိုဝေမျှပေးထားပါတယ်။ ည ၁၂နာရီမတိုင်ခင်အိပ်ပါ အမျိုးသမီးတွေ အသားအရည်အလှအပအတွက် ည ၁၀နာရီ မှ မနက် ၂နာရီအတွင်းအိပ်စက်ချိန်ဟာ အရေးကြီးတယ်လို့ဆိုကြပေမယ့်၊ ယခုလက်ရှိသုသေတနလေ့လာမှုများအရ ည ၁၂ မှ မနက် ၇နာရီအတွင်းဟာ အိပ်ရာဝင်ဖို့အကောင်းဆုံးအချိန်​​ဖြစ်ပါတယ်။

ဟော်မုန်း ၂မျိုး

အသားအရည်အလှအပအတွက်အိပ်စက်ချိန်ဟာဘာကြောင့်အရေးကြီးလဲဆိုတော့ အိပ်ပျော်နေစဥ်မှာ ထုတ်ပေးတဲ့ ဟော်မုန်း၂မျိုးကြောင့်ပါ။ ဒီဟော်မုန်းလျော့လာရင် ဆံပင်ကျွတ်ခြင်း၊ တင်းတိပ်၊ဝက်ခြံထွက်ခြင်း စတဲ့အလှအပဆိုင်ရာ ပြဿနာမျိုးတွေဖြစ်ပေါ်လာနိုင်တဲ့အတွက် အကောင်းဆုံးအိပ်စက်ချိန်မှာအိပ်စက်ဖို့အရေးကြီးပါတယ်။ ကျွန်မတို့အိပ်ပျော်နေစဥ် ထုတ်လွှတ်ပေးတဲ့အိပ်စက်ခြင်းဟော်မုန်းဟာခန္ဓာကိုယ်ရဲ့ antioxidant စွမ်းအားကိုတိုးမြှင့်ပေးပြီးအသားအရည်တင်းရင်းမှုကိုပေးပါတယ်။ အိပ်စက်​ခြင်းဟာ ခန္ဓာကိုယ်ရဲ့ပင်ပန်းနွမ်းနယ်မှုနှင့် အသားရည်ဆဲလ်များကိုပြန်လည်ပြုပြင်ခြင်းအတွက် အလွန်အရေး​ကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေပါတယ်။

ဒီညကနေစပြီး အပေါ်မှာပြောခဲ့တဲ့ အကောင်းဆုံး အိပ်စက်ချိန်မှာ အိပ်စက်ကြည့်ကြရအောင်နော်..

Previous
Previous

{You are the best MOM}Vol.6

Next
Next

ကိုယ့်ကိုယ်ချစ်ဖို့ ဘယ်တော့မှမမေ့ပါနဲ့