From Japan Mom #1

ဂျပန်အမျိုးသမီးတွေအများစုဟာ ရှိရင်းစွဲအသက်ထက်ပိုနုနယ်ပြီး အသားအရည်လှပကြပါတယ်။မျိုးရိုးဗီဇနဲ့ ရာသီဥတုကြောင့်လို့ဆိုနိုင်ပေမယ့် နေ့စဥ်အသားအရည်ထိန်းသိမ်းတဲ့အခါမှာလည်း ဂရုစိုက်တဲ့အချက်လေးတွေရှိပါတယ်။ ဒီအချက်တွေထဲကမှ ဒီနေ့ဖော်ပြပေးမှာကတော့ ဂျပန်အမျိုးသမီးတွေရဲ့ မျက်နှာသစ်တဲ့အခါမှာ ဂရုတစိုက်ပြုလုပ်လေ့ရှိတဲ့ အချက် ၃ချက်ကိုပြောပြပေးချင်ပါတယ်။

1. ရေနွေးနွေးနဲ့ အညစ်အကြေးတွေကိုသန့်စင်ပါ

မျက်နှာကို မျက်နှာသစ်ဆပ်ပြာနဲ့မသစ်ခင် ရေနွေးနွေးကို လက်နှစ်ဖက်နဲ့ယူပြီး ညင်သာစွာဆေးကြောပေးပါ။ အသားအရည်ကိုကြမ်းတမ်းစွာမပွတ်တိုက်ပါနဲ့နော်။

2. ဆပ်ပြာအမြုပ်လေးတွေနဲ့ ညင်သာစွာဆေးကြောပါ မျက်နှာကိုရေနွေးနွေးနဲ့ဆေးကြောပြီးရင် မျက်နှာသစ်ဆပ်ပြာကို အမြုပ်ကလေးတွေထအောင်ပြုလုပ်ပြီး သစ်ပေးပါ။

3. မျက်နှာကရေတွေကို ညင်သာစွာသုတ်ပါ မျက်နှာကို ပဝါနဲ့သုတ်တဲ့အခါမှာလည်း အရမ်းကြမ်းတမ်းကြီးပွတ်မသုတ်ပဲ၊ ညင်သာစွာဖိပြီသုတ်ပေးပါနော်။

ဒီနေ့မှာတော့ ဂျပန်အမျိုးသမီးတွေရဲ့ အသားအရည် ထိန်းသိမ်းတဲ့အခါမှာ ဂရုစိုက်တဲ့အချက်လေးတွေကိုဝေမျှပေးလိုက်ပါတယ်။ မေမေတို့လည်း ဒီအချက်၃ချက်ကို ဂရုစိုက်ပြီး လှပ တဲ့အသားအရည်ကိုပိုင်ဆိုင်နိုင်ကြပါစေနော်။








Previous
Previous

{You are the best MOM} Vol.10

Next
Next

ကလေးတွေစိတ်ဒဏ်ရာမရအောင်မိခင်တိုင်းသိထားသင့်တဲ့အချက်