{You are the best MOM} Vol.10

တစ်ပါးသူအပေါ် ကျေးဇူးတင်တတ်တဲ့စိတ်ထားလေးမွေးမြူတတ်အောင်ကလေးငယ်တွေကိုပြုစုပျိုးထောင်ခြင်း

ကျွန်မတို့ကျွန်မတို့ တခြားသောသူတွေဆီကကြားရရင်ဝမ်းသာရတဲ့ " ကျေးဇူးတင်ပါတယ် " ဆိုတဲ့စကားလုံး၊ ဒီစကားတစ်ခွန်းဟာ အလုပ်ခွင်နှင့် လူ့အဖွဲ့အစည်းများတွင် နေ့စဥ်အသုံးပြုနေတဲ့စကားလုံးဖြစ်ပြီး လူမှုဆက်ဆံရေးကိုတည်ဆောက်ရာတွင် အရေးကြီးသော အခန်းဂဏ္ဍတစ်ခုလို့လည်းပြောလို့ရပါတယ်။ ဒီတော့ မေမေတို့ရဲ့ သားသားမီးမီးလေးတွေက တစ်ပါးသူအပေါ် ကျေးဇူးတင်တတ်တဲ့ စိတ်ထားလေးရှိအောင်ဘယ်လို ပြုမူပေးရမလဲ။

ကလေးငယ်တွေဟာ မိဘနဲ့ သူ့ရဲ့ကြီးပြင်းတဲ့ပတ်ဝန်းကျင်အပေါ်မူတည်ပြီး စကားလုံး၊အမူအကျင့်စတာတွေကို အတူယူတတ်ကြပါတယ်။ ဒါကြောင့် မေမေတို့ဆီက ကျေးဇူးတင်တတ်တဲ့စိတ်ထားလေးကို သားသားမီးမီးတို့က အတုယူနိုင်အောင်ပြုမူပေးရပါမယ်နော်။ ကလေးငယ်တွေက ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားမပြောနိုင်ရင်လည်းအတင်းကြီးမပြောခိုင်းပဲ၊ မေမေကနေ့စဥ်ပြုမူဆက်ဆံနေတဲ့ လူ့အသိုင်းမှာ "ကျေးဇူးတင်ပါတယ် "ဆိုတဲ့စကားကို ပုံမှန်အလေ့အထတစ်ခုအဖြစ်ပြောပေးခြင်းဖြင့် ကလေးတွေအတွက် ကောင်းမွန်တဲ့စံနမူနာတစ်ခုဖြစ်စေပါတယ်။

စိတ်ပိုင်းဆိုင်ရာအရလည်း မိဘကကလေးတွေကိုအသိအမှတ်ပြုပေးပြီး ကျေးဇူးစကားပြောပေးတဲ့ မိသားစုမှာကြီးပြင်းတဲ့လာကလေးဟာ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိကြပြီး ၊ တဖက်မှာလည်း ကလေးကိုအသိအမှတ်မပြုပဲ ပစ်ပယ်ထားတဲ့မိသားစုမှာကြီးပြင်းလာရတဲ့ကလေးတွေဟာ မိမိကိုယ်ကိုယ်ယုံကြည်ချက်မရှိကြပါဘူး။ ကိုယ့်ကိုယ်ကို အသိအမှတ်မပြုနိုင်ရင် သူတစ်ပါးအပေါ်လည်း အသိအမှတ်ပြုနိုင်တဲ့စိတ်ရှိမှာမဟုတ်ပါဘူး။ မိဘတွေက ကိုယ့်ရဲ့သားသမီးတွေအပေါ် ကျေးဇူးတင်တဲ့စကားပြောပေးခြင်းဟာ ကလေးတွေရဲ့ယုံကြည်ချက်ကိုဖြစ်စေပြီး၊ တစ်ပါးသူအပေါ်လည်း ကျေးဇူးတင်တဲ့စိတ်ကလေးမွေးဖွားလာစေပါတယ်။

ဥပမာ-ကလေးကို " မေမေ့ဆီမှာမွေးဖွားလာလို့ကျေးဇူးပါ။""မေမေကို ကူညီပေးလို့ကျေးဇူးပါ " စတဲ့စကားလေးတွေပြောပေးပါ။ဒီလိုပြောပေးခြင်းအားဖြင့် ကလေးတွေဟာ "ကျေးဇူးတင်ပါတယ် " လို့ပြောခံရခြင်းဟာ ဝမ်းသာစရာဆိုတဲ့ ခံစားချက်ကိုနားလည်ပြီး၊ တခြားသောသူတွေကိုလည်း ကျေးဇူးတင်တယ်ဆိုတဲ့စကားကိုပြောနိုင်လာပါလိမ့်မယ်။

Previous
Previous

ကလေးတွေရဲ့ အသက်အရွယ်လိုက်ဖွံ့ဖြိုးမှုအခြေအနေ

Next
Next

From Japan Mom #1