Karaage Recipe(ဂျပန်စတိုင် ကြက်သားကြော်)

ဂျပန်စတိုင် ကြက်သားကြော်(Japanese Fried Chicken)

မေမေတို့ရေ ဒီနေ့မှာတော့ ဂျပန်လူမျိုးတွေရဲ့ထမင်းဗူးထဲမှာမပါမဖြစ်ဖြစ်တဲ့ ဂျပန်ကြက်သားကြော်(Karaage) လုပ်နည်းကိုဝေမျှပေးလိုက်ပါတယ်။ အိမ်မှာပဲအလွယ်တကူလိုက်လုပ်ကြည့်လို့ရမယ့် နည်းလေးဖြစ်ပြီး၊ သားသားမီးမီးတို့လည်းကြိုက်မှာဖြစ်လို့ လုပ်စားကြည့်ကြပါနော်..

လိုအပ်တဲ့ပစ္စည်း

ကြက်သားပေါင်အသားလွှာ - 300g

☆ကြက်သွန်ဖြူအနှစ်၊ ဂျင်းအနှစ် - လက်ဖက်ရည်ဇွန်းတစ်ဝက်စီ (5g)

☆ဟင်းချက်အရက် - ထမင်းစားဇွန်း ၂ဇွန်း (30g)

☆ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း ၂ဇွန်း (30g)

☆နှမ်းဆီ - လက်ဖက်ရည်ဇွန်း ၁ဇွန်း (5g)

ကြက်ဥ - တစ်ဝက် (မွှေထားတဲ့ကြက်ဥ)

ဂျုံမှုန့် ၊ ကော်မှုန့် - ထမင်းစာဇွန်း ၂ဇွန်းစီ (30g)

ပြုလုပ်နည်း

1. ကြက်သားကို တစ်လုပ်စာအရွယ်အစားလေးတွေလှီးထားပြီး၊ ☆ဟင်းခတ်ပစ္စည်းအားလုံးထည့်နယ်ပါ။ အရသာဝင်အောင်ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ခန့် ထည့်ပြီးနှပ်ထားပေးပါ။

2. မိနစ် ၃၀ခန့်နှပ်ထားတဲ့ကြက်သားထဲကို ခလောက်ထားတဲ့ကြက်ဥထည့်ပြီးသေချာနယ်ပေးပါ။

3. ② ကကြက်ဥထည့်ပြီးနယ်ထားတဲ့ကြက်သားထဲကို ​ရောထားတဲ့ဂျုံနှင့်ကော်မှုန်ကိုထည့်နယ်ပြီး ဆီအိုးထဲထည့်၍ မီးအနေတော်အပူချိန်ဖြင့်ကြော်ပါ။

4. သင့်တော်တဲ့အကြော်ရောင်မရခင် ကြက်သားကြော်ကိုအိုးထဲဆယ်ပြီး ၂.၃မိနစ်ခန့်ထားပေးပါ။

5. ဆီအိုးကို အပူချိန်မြှင့်ပြီး ဆယ်ထားတဲ့ ကြက်သားကြော်ကို အိုးထဲထည့်ပြီး ၃မိနစ်ခန့်ကြော်ပေးပါ။

အတွင်းသားကပျော့အိအိလေးနဲ့ အပြင်ကကြွပ်ရွရွကြက်သားကြော်လေးရပါပြီရှင့်။ အပြင်မှာစျေးကြီးပေးဝယ်စားရတဲ့ ဂျပန်စတိုင် ကြက်သားကြော်လေးကို ဂျပန်အရသာအတိုင်း အိမ်မှာပဲအကုန်အကျသက်သက်သာသာနဲ့လုပ်စားလို့ရပါတယ်နော်။အားလုံးအဆင်ပြေပါစေ။




Previous
Previous

သင့်ကလေးကို သင်ပေးထားသင့်တဲ့အလေ့အကျင့်ကောင်းများ

Next
Next

ကိုယ်ဝန်ဆောင်ဆီးချိုရှိနေရင် ဘယ်လိုအစားတွေစားသင့်၊ မစားသင့်ဆိုတာ