{You are the best MOM}Vol.5

မေမေတို့ရေ ကလေးတွေကို ဘယ်လိုအခါမျိုးတွေမှာဆူတတ်ကြသလဲ။ ကလေးရှိတဲ့အိမ်တွေမှာ နေ့တိုင်း အကြောင်းတစ်ခုမဟုတ်တစ်ခုနဲ့ ဆူနေရတာပါပဲနော်။ ဒီအထဲမှာမှ ကလေးတွေလိမ်ပြောတဲ့အခါမှာ ကျွန်မတို့မိဘတွေဟာ စိတ်ဆိုးပြီးကလေးကိုပြင်းပြင်းထန်ထန်ဆူတတ်ကြပါတယ်။

တကယ်တော့ ကလေးတွေလိမ်ပြောတာဟာ သူတို့ကိုယ်သူတို့ကာကွယ်ဖို့အတွက်ဖြစ်ပါတယ်။ ဥပမာ- မောင်နှမချင်း၊သူငယ်ချင်းနဲ့ ကစားရန်ဖြစ်တဲ့အခါမှာ၊ "သူကဆိုးလို့""သူကရန်စတာ"လို့စသည်ဖြင့်တဖက်သားကို အပြစ်တင်ပြီးလိမ်တာမျိုးဟာ မိဘရဲ့အဆူမခံချင်လို့ သူတို့လိမ်ပြောကြတာဖြစ်ပါတယ်။

ဥာဏ်ရည်ထက်ပြီး၊ စဥ်းစားဆင်ခြင်တတ်တဲ့ကလေးငယ်တွေဟာ ကိုယ့်ကိုယ့်ကိုကာကွယ်ရန် သေးငယ်တဲ့အမှားလိမ်ပြောတာမျိုးတွေလုပ်တတ်ကြပါတယ်။ ဒါကြောင့်မိဘတွေဟာ မိမိတို့ရဲ့ကလေးတွေဘာကြောင့်လိမ်ညာ​ပြောရတယ်ဆိုတာကို နားလည်သိထားဖို့လိုအပ်ပါတယ်။

သူတို့ရဲ့ သေးငယ်တဲ့အမှားလေးတွေကိုဖုံးကွယ်ချင်တဲ့အတွက် လိမ်ပြောမိတဲ့အခါမျိုးမှာ ကလေးငယ်တွေကို တအားကြီးဆူတာမျိုးတွေမလုပ်ပါနဲ့။ လိမ်ပြောရခြင်းအကြောင်းအရင်းကို ကလေးဆီကသေချာမေးမြန်းပြီး၊ ဘာကြောင့်လိမ်ညာပြောခြင်းဟာ မကောင်းတာလဲဆိုတာကို ကလေးတွေနားလည်အောင်​ပြောပြခြင်းဟာ ဆူပူခြင်းထက်ပိုမိုထိရောက်စေပါတယ်။

ကလေးငယ်တွေဟာလိမ်ညာပြောတဲ့အခါမှာ သူတို့အမှားလုပ်ခဲ့တယ်ဆိုတာကိုသူတို့ကိုယ်တိုင်နားလည်ကြပါတယ်။ ကလေးတွေက သူတို့လိမ်ညာခဲ့ရတဲ့အကြောင်းအရင်းကိုပြောပြတဲ့အခါမှာ မေမေတို့ကမဆူပဲသေချာနားထောင်ပေးပါ။ ကလေးပြုလုပ်ခဲ့တဲ့အမှားကို မိဘတွေကနားလည်လက်ခံပေးပြီး၊အပြစ်မတင်ပဲ ဘယ်လိုဖြေရှင်းရမယ်ဆိုတာ အတူတူစဥ်းစားအဖြေရှာပေးပါ။


Previous
Previous

ကလေးငယ်တွေ ကိုယ်ခံအားကောင်းအောင် ဘယ်လိုနည်းလမ်းတွေနဲ့ဂရုစိုက်ပေးရမလဲ

Next
Next

သင့်ကလေးကို သင်ပေးထားသင့်တဲ့အလေ့အကျင့်ကောင်းများ